Chapter (3)

388 44 12
                                    

ZAWGYI

ဒီနောက်ပိုင်း Jimmy မှာ အလုပ်တစ်ခု ပိုလာတော့တာပဲ .. ကျောင်းသွားချိန်နဲ့ ကျောင်းပြန်ချိန်တိုင်း လမ်းကြားလေးထဲက ကော်ဖီဆိုင်ရှေ့ စက်ဘီးတစ်စီးနဲ့ မယောင်မလည် သွားသွားလုပ်နေမိတော့တာ

ကြယ်ကြွေတာကို မော့ငေးနေတဲ့ ကလေးလေးပုံနဲ့ Meteor Shower အမည်ရှိတဲ့ Signboard လေးဟာ ကော်ဖီဆိုင်တစ်ဆိုင်အတွက် တကယ်တမ်းကျ ကလေးဆန်ပေမယ့် Jimmy တော့ ချစ်ဖို့ကောင်းတယ်လို့ မြင်တယ်

ကြယ်ကြွေတာကို မော့ငေးနေတဲ့ ကလေးလေးပုံနဲ့ Meteor Shower အမည်ရှိတဲ့ Signboard လေးဟာ ကော်ဖီဆိုင်တစ်ဆိုင်အတွက် တကယ်တမ်းကျ ကလေးဆန်ပေမယ့် Jimmy တော့ ချစ်ဖို့ကောင်းတယ်လို့ မြင်တယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အဲ့ဆိုင်ပိုင်ရှင်လေးကလည်း ထိုနည်း၎င်းပါပဲ ~

ဆိုင်ကိုလာတဲ့ customers တိုင်းကို အပြုံးတစ်ခုနဲ့ အမြဲကြိုဆိုတယ် .. ပြန်ခါနီး customers တွေကိုလည်း ပြုံးပြနှုတ်ဆက်ဖို့ ဘယ်တော့မှ မမေ့လျော့ဘူး

နောက်ပြီး ...

တစ်ပတ်အတွင်း Jimmy သူ့ရဲ့ ချစ်စရာ အပြုအမူတချို့ကို အူယားဖွယ် တွေ့ရှိခဲ့ရတယ်

စားသုံးသူတွေ ချန်ခဲ့တဲ့ Feedback Notes လေးတွေကို ဆိုင်နံရံ နေရာအနှံ့ လိုက်ကပ်နေတတ်တာမျိုး ..

ဆိုင်ထဲ သန့်ရှင်းရေးလုပ်ရင်းနဲ့ ကလေးလေးလို ပတ်ပြေးနေတာမျိုး ..

လူရှင်းတဲ့အချိန်ဆို လှုပ်စိလှုပ်စိနဲ့ ကနေတတ်တာမျိုး ..

တစ်ခါတစ်လေ ပျင်းပျင်းရိရိနဲ့ မေးထောက်ပြီး ငိုက်နေတတ်တာမျိုး ..

သူလုပ်ထားတဲ့မုန့်တွေကို ပါးလေးတွေလုံးတက်အောင် မြုံ့နေတတ်တာမျိုး ..

ခိုးကြည့်ရင်းလည်း Jimmy မှာ တိတ်တိတ်ရယ်ရတယ်

တစ်ရက်တစ်ရက် ဒီမြင်ကွင်းလေးဟာ ရိုးအီငြီးငွေ့ မသွားစေခဲ့ဘူး

❄️ ခင်ဗျားရှိရာဆီ 🌠Where stories live. Discover now