Chapter (4)

444 39 31
                                    

ZAWGYI

“ P' Tom .. Goodmorning ”

ဆိုင်တံခါးဝကနေ Jimmy လှမ်းနှုတ်ဆက်ရင်း ဝင်လာတော့ အေပရွန်ကြိုးချည်နေရာက ခေါင်းလေးဆတ်ပြတယ်

“ Morning Karn ”

အဲ့နေ့ပြီးကတည်းက ခါတိုင်းလို Jimmy တွန့်ဆုတ်မနေတော့ .. နေ့စဉ် ကျောင်းသွားခါနီး Creamy Coffee ဝင်သောက်တယ် .. ညနေ ကျောင်းကအပြန်မှာ စတော်ဘယ်ရီကိတ် ဝင်စားတယ်

ရက်တွေဆက်လာတော့ ကော်ဖီဆိုင်ပိုင်ရှင်လေးက Jimmy ကို မျှော်တတ်လာတယ် .. နာမည်ချင်း မိတ်ဆက်ကြတဲ့နေ့က နာမည်ရဲ့နောက်ပိုင်း အသံထွက်ချင်းတူနေလို့ ပြိုင်တူစကားစပြတ်သွားပြီးမှ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပြန်ရယ်ခဲ့ရသေးတယ်

Jimmy ထက် ၅နှစ်ကြီးတဲ့ အဲ့လူကြီးလေးက တကယ်တော့ အထီးကျန်နေတဲ့သူ .. စကားပြောဖော်ရသွားသလိုမျိုး Jimmy ကို တချို့တလေ ရင်ဖွင့်ရင်း .. Jimmy ကို ညီလေးတစ်ယောက်လို ဂရုစိုက်ရင်း ~

သူ့ဘဝထဲကို လိုလိုလားလား ဝင်ခွင့်ပြုခဲ့တယ်

“ P' Tom ”

ထိုင်နေရာက လှမ်းခေါ်တော့ ခန္ဓာကိုယ်လေးက တုန်ခနဲ ~

“ ဟွန်? ”

“ ဒီနေ့ အေပရွန်ချည်တာ ပြီးဦးမှာလား မေးချင်လို့ ”

ဝင်လာကတည်းက တောက်လျှောက်ကြည့်နေခဲ့တာမို့ Tommy ရဲ့ အေပရွန်တစ်ထည်နဲ့ အလုပ်ရှုပ်နေမှုဟာ Jimmy ကို နေမထိထိုင်မသာ ဖြစ်စေတယ်

နှုတ်ဆက်တာတောင် အရင်လို မပြုံးပြဘဲ ဝတ်ကျေတန်းကျေ ပြောတဲ့အသံနဲ့

ဝမ်းနည်းတယ် တကယ် .. အဲ့လောက် အပြုအမူ သေးသေးလေးကအစ ~

“ အာ .. မဟုတ်ဘူး မနေ့က အသစ်ဝယ်ထားတာ အဲ့ဒါ နောက်ပြန်ချည်တဲ့ ကြိုးကလေ တအားရှည်နေလို့ရယ် ”

Tommy က သူ့ကျောနောက်ကို Jimmy ဘက်ရှိရာ လှည့်ပြရင်း ပြောလာတယ်

စိတ်ရှုပ်နေတဲ့ပုံလေးကြောင့် Jimmy မနေနိုင်တော့ ~

ကောင်တာရဲ့ နောက်ဘက်ကို ဝင်သွားလိုက်ရင်း သူ့ရှေ့ရပ်တော့ ဘာလို့လဲဆိုတဲ့ အကြည့်နဲ့ မော့ငေးတယ်

❄️ ခင်ဗျားရှိရာဆီ 🌠Where stories live. Discover now