Chapter (10)

224 27 7
                                    

ZAWGYI

“ ဘဘ ကျွန်တော့်ကို ရှာတယ်ဆိုလို့ ”

ဧည့်ခန်းထဲ အပြေးတပိုင်းနဲ့ အော်ပြီးဝင်သွားတော့ ကော်ဖီထိုင်သောက်နေကြတဲ့ ဧည့်သည်တွေဆီက စူးစမ်းအကြည့်တချို့ ရလိုက်တယ်

အဲ့တော့မှ ပါးစပ်ကို လက်လေးနဲ့အုပ်ရင်း ကိုယ်ရှိန်သတ်ရတယ်

“ အာ ဧည့်သည်တွေနဲ့ .. တောင်းပန်ပါတယ်ဗျ ”

“ လာ Sitti .. ဒီဦးလေးတွေက ပင်လယ်ထဲ မိကျောင်းသွားဖမ်းကြမှာ .. သားလိုက်သွားပေး ”

“ ဗျာ ဘဘ ”

Tommy နားကြားများ မှားလိုက်တာလား ?!

“ ပင်လယ်ရဲ့ ညရှုခင်းကို ကြည့်ချင်တယ်ဆို ပြီးတော့ မိကျောင်းလည်း ဖမ်းကူပေါ့ .. အကူအညီရအောင် သားကိုထည့်လိုက်ချင်လို့ ဘဘက ”

တကယ်အတည်ကြီးပြောနေတာပဲ .. ဧည့်သည်တွေကပါ ခေါင်းတဆတ်ဆတ် ငြိမ့်ပြလာတယ်ဆိုတော့လေ

“ ကိုကိုက မအားလို့လား ”

အထွန့်တက်မိသလို ဖြစ်သွားမှန်းတော့ Tommy သိပါတယ် .. ဒါပေမယ့် ပင်လယ်ထဲ သူတကယ်မလိုက်ချင်ဘူး

“ Tony လား မိကျောင်းနားကပ်ရဲမှာ .. Sitti .. ဒီမှာ တကူးတက လာခေါ်ရတာကို တွန့်ဆုတ်မနေနဲ့ .. ငယ်ငယ်ကလည်း ဒီလိုပဲ လိုက်နေကျကို .. မင်းဖေဖေမရှိတုန်း မိကျောင်းတွေနဲ့ ကစားခဲ့ .. လိုက်သွား အခု ”

မျက်နှာထားတည်တည်နဲ့ ဘဘရဲ့ တစ်ချက်လွှတ်အမိန့်မှာ Tommy ခေါင်းငုံ့ကျသွားရတယ်

“ ဘဘကလည်းဗျာ ”

ငယ်ငယ်က ငယ်ငယ် .. အခုက အခုလေ .. မိကျောင်းတွေနဲ့ ဘယ်လောက်ပဲရင်းနှီးနှီး အရွယ်ရောက်လာတော့ အနားတောင် မသီချင်တော့ဘူး

နောက်ပြီး ပင်လယ်ထဲဆို လိုင်းကမိတာ မဟုတ်ဘူးရယ် .. Karn နဲ့သူ အဆက်အသွယ် ပြတ်သွားမှာပေါ့

“ အရင်ကလို ဦးတို့ မိကျောင်းကျောပေါ် ခေါင်းအုံးအိပ်ရင်း ကြယ်ကြည့်ကြမယ်လေ .. လာပါကွာ သားရာ .. ဦးက မင်းပြန်လာတယ်ကြားလို့ အပြေးလာခေါ်ရတာ ”

လူရင်းဖြစ်တဲ့ ဦးလေးကြီးက Tommy ပခုံးကိုဆွဲဖက်ရင်း စကားဆိုလာတော့ မငြင်းရက်နိုင်တော့

❄️ ခင်ဗျားရှိရာဆီ 🌠Where stories live. Discover now