ဘယ်လိုထင်လဲတဲ့
ရင်ထဲဆို့နင်လာလို့ အသက်ဝအောင်ရှူပါရစေဦး အစ်ကိုရယ်..။ ရိပေါ်က စာကြည့်မျက်မှန်ကိုချွတ်ရင်း မျက်ရိုးကိုနှိပ်ဟန်ပြုကာ ဝဲတတ်လာသော မျက်ရည်များကိုပါ သုတ်ပစ်လိုက်သည်။ ပြီးမှ...

"အရမ်းကောင်းတယ့် Ideaပဲ အစ်ကိုသာအဲ့နေ့လက်ထပ်ခွင့် တောင်းလိုက်ရင် မမကတော့ အရမ်းပျော်နေမှာပဲ..ဟီးးး"

ရှိုက်သံအစား ရယ်သံထွက်အောင် မနည်းလုပ်လိုက်ရသည်..။ ကျွန်တော်လေ ဆရာဝန်မလုပ်ပဲ မင်းသားလုပ်သင့်ပြီ ထင်တယ်..။

ထိုလူသားက ဒါကို အားမရသေးပဲ ထပ်ပြောလာသော စကားတစ်ခွန်းက ကျွန်တော့်နှလုံးသားကို ဆူးချွန်တွေနဲ့ ထိုးစိုက်နေသလို..။ ဒီဒဏ်ရာတွေက အစ်ကို့အပြုံးတွေနဲ့ ကုစားလို့မရဘူး..။

"တိတိ.."

"ဟင်.."

"အစ်ကို့ကို ကူညီ​ပေးနော် ငယ်နဲ့တိတိက လက်ချင်း Sizeတူတယ်လေ ကိုယ့်ကိုကူညီပြီး လက်စွပ်ရွေးပေးမယ်မလား?"

လက်ထပ်ခွင့် တောင်းမယ့်လက်စွပ်၊ သတိုးသမီးဝတ်တယ့် လက်စွပ်ကို ကျွန်တော်က (အတိုင်း)လုပ်ပေးရဦးမယ်ပေါ့..၊ မျှော်လင့်ချက်တွေနဲ့ တောက်ပနေတယ့် အစ်ကို့မျက်ဝန်းတွေကို ကျွန်တော် မှေးမှိန်မသွားစေချင်ဘူး။

အစ်ကိုသာ ပျော်မယ်ဆို ကျွန်တော် ငိုရလဲတန်ပါတယ် ဘာဖြစ်လဲ?

"ဟုတ် ကျွန်တော်ကူညီမယ်လေ ဘယ်နေ့သွားမလဲ?"

ရှောင်းကျန့်က နားထင်ကိုလက်နှင့် အသာတို့ထိရင်း စဥ်းစားဟန်ပြုသည်..။ အတော်ကြာမှ..လက်ဖျောက် တစ်ချက်တီးကာ...

"မနက်ဖြန်ဆို ဘယ်လိုလဲ? အစ်ကို Compamyက လစ်ထွက်လာခဲ့မယ်လေ ၊နောက်နေ့က ရုံးပိတ်ရက်ဆိုတော့ လူများမှာကျိန်းသေတယ်၊ အဲ့ဒါကြောင့် တိတိကကျောင်းတစ်ရက် ပျက်လိုက်လို့ရမလား?"

အစ်ကို့အတွက် မပေးနိုင်တာ ဘာ့မှမရှိဘူး..။

"ရတာပေါ့..အစ်ကိုရ"

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Tahanan ng mga kuwento. Tumuklas ngayon