Tears and Smile(ep3)

5.9K 631 27
                                    

Zawgyi version,

အမြဲလိုလို သူ့ဘက်​မှာမရှိတဲ့ ကံကြမ္မာရယ်​...
မ​တွေ့ဆုံသင့်​တဲ့ လူသုံး​ယောက်​ကို ​တွေ့ဆုံ​စေခဲ့ပါလား....
နောက်​ဆုံး နာကျင်​ရမဲ့သူက တ​ယောက်​ထဲရယ်​....
ငါ့ရဲ့မျက်​ရည်​​တွေနဲ့ ခင်း​ပေးမဲ့လမ်း​လေးကို​လျှောက်​ရင်း ချစ်​ရသူမင်းတ​ယောက်​​ပျော်​ပါ​စေ.....

❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

*ဒီည ​ခြောက်​နာရီ flightနဲ့ Tae Hyung​လေး ပြန်​လာမှာDarlin*

*omm*

*အဲ့ဒါ သား​လေး​ပျော်​သွား​အောင်​ မိသားစုညစာစားပွဲ​လေး လုပ်​ရ​အောင်​*

*​ကောင်းပီ​လေ...Byol​လေး ဒီ​နေ့​ကျောင်းက​စော​စောပြန်​လာခဲ့​နော်​....*

*nae appa*

အမြဲလိုလို ဟန်​​ဆောင်​​သော​မေတ္တာ​တွေနဲ့ ပြည့်​​နေတဲ့ မနက်​စာစားဝိုင်း​လေးသည်​ ဒီ​နေ့​တော့ သူမရဲ့အပြုံး​တွေနဲ့ပြည့်​နှက်​လျက်​....

ထိုအပြုံးက သူမရဲ့ရင်​နှစ်​သည်းချာ ချစ်​ရတဲ့သား ပြန်​လာ​သော​ကြောင့်​ဖြစ်​သည်​.....

တဖန်​ပြန်​​ရောက်​လာခဲ့ပြန်​သည်​....သူ့ရဲ့အ​မှောင်​​နေ့ရက်​​တွေ.....

အားကျမိသည်​ Park Tae Hyungဆိုတဲ့ အ​ဖေတူအ​မေကွဲ ညီအကို​ ကို.....

Ommaသာ အသက်​ရှင်​​နေဦးမယ်​ဆိုရင်​ ခုချိန်​သူလည်း Tae Hyungကိုအားကျစရာလိုမှာမဟုတ်​​ပေ....

မနက်​စာစားအပြီး ​ကျောင်းသွားရန်​ပြင်​​နေတုန်း လက်​​ကောက်​၀တ်​ကို ​အကြမ်းပတမ်း​ဆောင့်​ဆွဲကာ ထမင်းစားခန်းထဲ​ခေါ်သွား​သော omonyi.....

*o..omonyi*

*ည​နေမိသားစုညစာစားကို မလာနဲ့*

*ဟင်​...ဘာ..ဘာဖြစ်​လို့လဲ*

*​မသိလို့​မေး​နေတာလား....တကယ့်​မိသားစုဆိုတာ ငါရယ်​Darlinရယ်​Tae Hyungရယ်​ပဲ...မင်းက အ​မေမရှိ​တော့တဲ့ ဒီအိမ်​က အပိုလူတ​ယောက်​ပဲ...ညစာစားပွဲမှာမင်းပို ကြိုဆိုမဲ့သူမရှိလို့ မင်းအသိစိတ်​ဓာတ်​နဲ့ Darlinကို မလာနိုင်​ဘူးလို့ပြန်​​ပြောလိုက်​*

Tears and Smile(ကြယ်ကလေးရဲ့မျက်ရည်)Where stories live. Discover now