Tears and Smile(ep-11)

7.1K 706 52
                                    

Zawgyi version,

Jung Kook သူ့ကို​လှေကားမှာထားခဲ့​တော့ သူခံစားချက်​မဲ့စွာ​အော်​ရယ်​​နေမိသည်​.....

*ဟား....ဟား...ဟား....*

သို့​သော်​ သူ့ပါးပြင်​တခုလုံးက​တော့ မျက်​ရည်​​တွေနဲ့စိုရွှဲလျက်​........

အိမ်​ကို omma က အရင်​ပြန်​နှင့်​သွား​သော​ကြောင့်​ သူတ​ယောက်​ထဲသာ ပြန်​လာခဲ့သည်​........

အိမ်​ပြန်​တဲ့လမ်းတ​လျှောက်​လုံးလည်း ​ခြေလှမ်း​တွေက ​လေးပင်​​နေလျှက်​......

"လမ်းခွဲရင်​​တောင်​ ငါ့ဘက်​ကစပီးလမ်းခွဲမှာမို့လို့ မင်းပါးစပ်​က လမ်းခွဲတဲ့စကားမ​ပြောပါနဲ့Jung Kook ငါခံနိုင်​ရည်​မရှိဘူး"

.....................

အိမ်​ပြန်​​ရောက်​​တော့ ommaကို​တောင်​ ၀င်​မနှုတ်​ဆက်​ပဲ အ​ပေါ်သို့တက်​လာခဲ့သည်​.........

သူ့အခန်းထဲဝင်​ရန်​လုပ်​​သော်​လည်း ​ခြေလှမ်းများက​တော့ Jimin အခန်းထဲကိုပင်​..........

အခန်းတခုလုံးက ​သပ်​ရပ်​​နေပီး ​ယောကျာ်း​လေးတ​ယောက်​​နေတဲ့ အခန်းနဲ့မတူ​အောင်​ကို သန့်​ရှင်း​နေခဲ့သည်​......

အခန်းက​တော့ သူ့အခန်း​လောက်​မကျယ်​​ပေ.......

ထို့​နောက်​ပြန်​ထွက်​ရန်​လုပ်​​နေတုန်း သူ့မျက်​လုံးထဲဝင်​လာသည့်​ စာ​ရေးစားပွဲအပု​လေး​ပေါ်က laptopပင်​........

ဘာရယ်​မဟူတ်​ပါ ထိုlaptopကို ဖွင့်​လိုက်​မိသည်​....passwordမခံထား​သော​ကြောင့်​ အလွယ်​တကူပင်​ သူ​လျှောက်​ကြည့်​​နေသည်​........

Screen​ပေါ်က မျှား​လေးကို Gallery ထဲသို့ဝင်​ရန်​ mouse ကို ကိုင်​ပီး​ရွှေ့လိုက်​​တော့ သူအမှန်​တကယ်​ကိုပင်​ အံသြသွားခဲ့ရသည်​..........

Gallery တခုလုံး Jung Kook Onlyဆိုသည့်​ Album ​လေးဖြင့်​ Jung Kookပုံများနှင့်​သာပြည့်​​နေခဲ့..........

Jung Kookအလယ်​တန်းက​နေ အခု တက္ကသိုလ်​​ကျောင်းသားဘ၀ကပုံ​တွေအထိ သူ့မှာအကုန်​ရှိသည်​........

"မင်းလည်းJung Kookကိုချစ်​ခဲ့တာပဲမလားJimin"

မဆီမဆိုင်​ သူ့ပါး​ပေါ်သို့မျက်​ရည်​တစက်​ကျလာခဲ့သည်​.....

Tears and Smile(ကြယ်ကလေးရဲ့မျက်ရည်)Où les histoires vivent. Découvrez maintenant