Chapter 48(full chapter)

Start from the beginning
                                    

"ဖေဖေ"

ရှောင်းကျန်းအသံက နူးညံနေပြီးမျက်လုံးလေးများက သနားစဖွယ်လေးလိုပင်။ ကျန်းချိုးသူ့ခေါင်းအနာကိုအာရုံမစိုက်နိုင်တော့ပဲ သား၏ ပါးလေးများကိုပွတ်ပေးရင်းမှ

"ဖေဖေအဆင်ပြေတယ် ဘာမှမဖြစ်ဘူး"

ကျန်းချိုး သူ့သားမျက်၀န်းထဲ ငိုတော့မရောင်တွေ့ပြီးမှတစ်ယောက်ယောက်ကိုမြင်ပြီး သနားဖွယ်ပင်  မျက်ရည်တို့ကိုပြန်သိမ်းလိုက်၏။ အနောက်ကနေပြီး လက်ကြီးတစ်ဖက်က ရှောင်းကျန်းလေးကိုမလိုက်ပြီး ရှောင်းကျန်း ဘေးက ဆိုဖာပေါ်ပစ်တင်ခံလိုက်ရသည်။ လီစူးပင်။

"ညင်သာစမ်းပါ သူလည်းကားထဲမှာရှိနေခဲ့တာပဲ သူ့ကိုနာအောင်မလုပ်နဲ့"

"သူဘာမှမဖြစ်ဘူး"

လီစူး ထဖို့ပြင်နေသည့် ကျန်းချိုးကိုအမိန့်ပေးသလိုဖိချပြီးပြန်လှဲခိုင်း၏။သို့သော် လီစူးညင်ညင်သာသာပင်လုပ်နေပါကြောင်းကျန်းချိုးသိ၏။ လီစူး၏ မာထန်ထန်ဖြစ်နေသည့်မျက်နှာကြောင့် ကျန်းချိုး သတိအနေအထားဖြင့်သာ နာခံစွာပြန်လှဲနေလိုက်ရင်းမှ တစ်ခုခုကိုသတိရမိသွားသဖြင့် လီစူးလက်ကိုဆွဲမေးလိုက်၏။

"စီနီယာနဲ့တစ်ခြားလူတွေကော?"

"စိတ်မပူနဲ့ သူတို့အားလုံးအဆင်ပြေတယ်"

လီစူးရေတစ်ခွက်ခပ်ကာ ကျန်းချိုးကိုပါးစပ်နားတေ့တိုက်လိုက်၏။

"ကားထဲကလူတွေထဲ မင်းတစ်ယောက်ပဲ ဒဏ်ရာအများဆုံးရတာ"

"အဟွတ် အဟွတ်"

ကျန်းချိုးချောင်းပင်ဆိုးသွား၏။

"မဖြစ်နိုင်လိုက်တာ ဘယ်လိုဖြစ်ဖြစ်ကျတော်ကသတိရှိနေခဲ့တဲ့သူလေ"

လီစူးဒေါသထွက်နေသည်ကိုကြည့်ရင်း မြန်မြန်ပင်

"ဆက်မငြင်းတော့ဘူး အကုန်လုံးဘာမှမဖြစ်တာကောင်းတာပဲလေ"

လီစူးမျက်နှာက ခပ်ထန်ဆဲဖြစ်သော်လည်း လှုပ်ရှားမှုတို့ကညင်ညင်သာသာပင်။ ကျန်းချိုး ကော်လံပေါ်က ရေကိုဖြေးဖြေးသုတ်ပေးသကဲ့သို့ ရေခွက်ကိုလည်းတည်တည်ငြိမ်ငြိမ်ပင် ပြန်ချထား၏။ သို့သော် လီစူးဒေါသအရမ်းထွက်နေမှန်း ကျန်းချိုးခံစားမိ၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now