87

1.6K 131 0
                                    

ဂျူးဆို ပထမဦးဆုံးအကြိမ် ကော်ဘရာ့ထံ pH ဆက်လိုက်လေသည်။
"ကော်ဘရာ"
"ဖရန်းနီ ဖရန်းနီ ကိုယ့်ဆီ pH ဆက်တယ်"
"Sorry ကော်ဘရာ ဆက်မလို့ပဲ အရင်က ဆေးရုံဆင်းတော့ အတွေးများနေတာ"
"သက်သာလား ဖရန်းနီ"
"သက်သာပါတယ် လက်က အမာရွတ်လေးတော့ ကျန်တာပေါ့"
"အရေးမကြီးပါဘူး"
"အင်း ဒါနဲ့ အိမ်ပြန်မလာဘူးလား"
"အန်တီက ဖရန်းနီ အကိုအနေနဲ့ပဲ ပြန်လာလို့ရမယ်တဲ့။ ဒါကြောင့်မလာတာ။ နောက်ပြီး ဖရန်းနီက ကိုယ့်ကို မတွေ့ချင်ဘူးဆို"
"အင်းဟုတ်တယ် မတွေ့ချင်ဘူး"
"ဘာလို့လဲ"
"ဒီလိုပဲ၊ အခု ဘယ်မှာ နေနေတာလဲ"
"တွေတဲ့ တစ်‌ေနရာရာမှာ"
"တစ်နေရာရာ ဝယ်နေလိုက်ပါလား။ အလုပ် အဆင်ပြေပြီဆို"
"အင်း အဲ့လို နေလိုက်မယ်။ လာလည်မှာလား"
"အင်း နောက်မှ‌ အဆင်ပြေသွားမှပေါ့"
"‌ဖရန်းနီ ကိုယ်တို့ လက်ထပ်ကြရအောင်"
"ဒယ်ဒီက ဒီတစ်ခါ ထပ်ဖြစ်ရင် ကုမရတော့ဘူးတဲ့ အစားထိုးမှ ရတော့မှာတဲ့"
"ဒါဆို ကိုယ်တို့က"
"မသိဘူး ကော်ဘရာ ဖရန်းနီကို အဲ့လိုတွေ မလုပ်ပါနဲ့။ ဒါပေမယ့် ဖရန်းနီ ကော်ဘရာ့ကို ဘယ်လောက်ချစ်သလဲတော့ သိတယ်မလား"
"အင်း သိတာပေါ့"
"နေကောင်းအောင်နေနော် ဖရန်းနီ လူနာစောင့် ထပ် မလုပ်ချင်‌ေတာ့ဘူး"
"အပြင်မှာ တွေ့ချင်တယ် ဖရန်းနီ"
"နောက်မှပေါ့ တွေ့ပြီး စိတ်ဆင်းရဲနေရမှာ၊ ဘာလုပ်ဖို့ တွေ့ကြမလဲ။"
"ဒါဆို ကိုယ် ဘာလုပ်ရတော့မလဲ ကိုယ့် အိပ်မက်တွေက ဘယ်တော့မှ မဖြစ်လာတော့ဘူးလား"
ဂျူးဆို ခဏ ရပ်သွားလေသည်။ သူမ သေချာ စဉ်းစားပြီးမှ
"မသိဘူး။ ဖရန်းနီ မသိဘူး"
သူမ ငိုတာကြားတော့ ကော်ဘရာ ရပ်လိုက်တော့သည်။
နှစ်ယောက်လုံး စကား မပြောကြ။ ခဏနေတော့ ကော်ဘရာက ပြောလိုက်လေသည်။
"Auddin နဲ့တော့ ရှေ့မဆက်ပါနဲ့နော်"
"မပြောတတ်‌ဘူး လတ်တလောတော့ သူဘာမှ ထပ်မပြောသေးဘူး"
ကော်ဘရာ ဘာပြောရမှန်းမသိ ရပ်သွားလေသည်။ ထိုသူ သူမကို ဘယ်လိုတွေ ခြိမ်းခြောက်ထားပါလိမ့်။
"ဖရန်းနီ pH ချလိုက်တော့မယ်"
"အင်း"
ဒီလိုနဲ့ သူတို့ 2ယောက် ကမ္ဘာကြီးက ပြီးဆုံးသွားသလိုပင်။

x x x

ကော်ဘရာ ကတော့ သူ Audinn ကို မုန်းမုန်းနှင့် သူ Tara ၏ တပည့် ဖြစ်ချင်းမလှ ဖြစ်သွားလေသည်။ သူခိုင်းသမျှ အကုန်လုပ်ပေးသည်။ ဒီလိုနဲ့ သူ မဟုတ်တာရော ဟုတ်တာရော အကုန် စုံအောင် လုပ်မိလေသည်။ သူ Quoan ကို ပိုင်မှ ရမည်လေ။

ငါက ဇာတ်လိုက်လား ဗီလိန်လား အရံလားWhere stories live. Discover now