16

3.2K 348 11
                                    

အူရာဗနာစစ်

သူဒီမနက် ထလာတော့ တွေးမိသည်။ (လေးလေးနက်နက်နဲ့ကိုပေါ့)

သူ့အနေနဲ့ သူ့ကိုယ်ကိုယ် Milkyway ဟု ဖော်ပြရမည်ဆိုလျှင် သူချစ်မိသူ၊ သူနဲ့ အနီးဆုံး Galaxyတစ်ခုက Andromeda Galaxy ဖြစ်‌ေလာက်မည်ဟု ထင်မိသော်လည်း တစ်ကယ်တော့ Andromeda မဟုတ်ခဲ့ချေ။ နောက်ဆုံး တွေ့ရှိချက်အရ "Canis Major Dwarf Galaxy" တဲ့။

နောက်ဆုံး သူ့နှလုံးသားက ဒီလူမှ ဒီလူဆိုမှန်းသူ နားလည်မိလိုက်တော့ သူ အရာရာကို လက်မခံနိုင်ခဲ့ချေ။

သူတို့က အာကာသတွင် တစ်မျိုးတစ်ဖုံနဲ့ တည်ရှိနေရုံနဲ့ ကျေနပ်နိုင်ရမည်။
ပေါင်းစပ်လို့ မရပေမယ့်လည်းပေါ့။
x x x x x

(ဖရန်းနီ နောက်နေ့ အပြင်ထွက်လို့မရတော့ မာမီနဲ့ Uncle အိုလီရန်းက ဘယ်မှ မသွားရဟု ဆိုသည်။ သူမ ဂျွန်နာဟာအတွက် Chicken Soup လေး ကိုင်ကာ ဒေါသူပုန်ထွက်နေသည်။ ထိုစဉ် Uncle အူရာဗနာစစ် ရောက်ရှိလာလေသည်။ ဒယ်ဒီ တိုက်ခိုက်ခံရသည် ဆိုသဖြင့် သတင်းလာမေးခြင်းပင်။)

"အမ ကျွန်တော် ဖြင့် စိတ်ပူသွားတာ။ အကို ဒန်နီရယ်ရော ဘယ်လို ဖြစ်သွားပြီလဲ။"
"သူက ရှပ်ထိရုံကါ။ သက်သာပါတယ်။ ဆရာဝန် တော့ ညနေ ထပ်လာကြည့်ပေးမှာ။ ထိုင်ဦး အမ ပြောစရာရှိတယ်။"
သူက ထိုင်လိုက်ပြီးနောက် "ဖရန်းနီ သွားလေ။ ကော်ဖီတစ်ခွက်သွားယူခဲ့။ သကြားတွေ ဇွတ် ထည့်မလာနဲ့ဦးနော်။ နင့်ရဲ့ အဲ့ဒီ ချိုင့်ကြီးချထားလိုက်။ ဘယ်မှ မသွားရဘူးနော်။"
မာဂရက်က အိမ်အကူတွေ သိပ်မသုံးချေ။ ရိုးရိုးအလုပ်ဆို သူကိုယ်တိုင် ထလုပ်တတ်သည်။ ဒီလိုပဲ ဖရန်းနီကို အတိုအထွာတွေ ခိုင်းတတ်သည်။

ဖရန်းနီ ထွက်သွားတော့
"ဟိုနေ့က တိုက်ခိုက်ခံရတဲ့ case က အန်နာကို လုပ်သွားတဲ့သူနဲ့ ပတ်သတ်နေတယ်။ ဓါတ်ပုံတွေနဲ့ Blackmail တစ်ခု တိုက်ခိုက်ခံရပြီးရတယ်။ ဒါနဲ့ ဒန်နီရယ် ပိုက်စိပ်တိုက်လိုက်တော့ မင်းအကို သေဆုံးမှုကလည်း မရိုးသားဘူး။ သူကြောင့်ပဲလို့ ဒန်နီရယ်က သတ်မှတ်တယ်။"

"ဘယ်လို"

"သိပ်စိတ်မလှုပ်ရှာနဲ့ဦး။ အမလည်း သူပြောပြတာပဲ ကြားမိတာ။ အမပြောချင်တာကတော့ ကော်ဘရာနဲ့ဖရန်းနီကို ကျောင်းမှာ ဂရုစိုက်ပေးပါ။ အမနဲ့ သူနဲ့ မနေ့က အခြေအတင် စကားများပြီးပြီ။ သူက ကလေးတွေကို အိမ်ခေါ်သင်စေချင်နေတာ။ အမက သဘောမတူလို့။ နောက်ဆုံး သူက ခွင့်ပြုလိုက်ပေမယ့် အမတော့ စိတ်ထဲတော့ ထင့်နေမိတယ်။"

ငါက ဇာတ်လိုက်လား ဗီလိန်လား အရံလားWhere stories live. Discover now