59

2.1K 212 3
                                    

ဖရန်းနီက party တက်ဖို့ အထူးတလည်တွေ မဝတ်စားတော့ချေ။ ဒီပွဲက သူမ ဂုဏ်ယူရမည့် ပွဲလည်းမဟုတ်။ ဒယ်ဒီကော်ဘရာနဲ့ အခြားprofessional တွေသာ ဂုဏ်ယူရမည့်ပွဲမလား။
သူမကတော့ boss မိသားစုဆိုပြီး အရမ်း မတောက်ပြောင်ချင်။ သူမက တောက်ပြောင်နေသည့် ပုံစံလည်း မကြိုက်ဘူးကိုး။
အစက မက်ခရိုကို ဖိတ်မလို့။ အယ် Freddie ပေါ့လေ။ သူက လည်း လိုက်ခဲ့ချင်သည်။ သို့ပေမယ့် ကော်ဘရာက မကြိုက်ဘူးမို့ သူမ မသိသလိုသာ နေလိုက်လေသည်။
Freddie က ပွဲ လိုက်ချင်တယ်ဟု ပြောရမှာ အောက်ကျလို့ ထင်သည်၊ သူတစ်ခါပြောပြီး ထပ်မပြောတော့ချေ။ သူက အရင်ကနဲ့ မတူ အရမ်းကို မာနကြီးသည်။ အေးလေသူက နဂို မူလ မက်ခရိုကိုကိုမှ မဟုတ်တာ။
နဂိုမက်ခရိုကိုကို‌ ကိုတော့ သူမ ကော်ဘရာနီးပါးချစ်မိသည်။ သူက အမြဲတစ်စေ သူမဘက်ကကိုး။ သူသာဆိုလျှင် သူမကို ဒီလို အကြပ်ကိုင်ပြီး တွဲဖို့ ပြောမည် မထင်ချေ။ သူကတော့ ဒါတွေက imaginary world ဟု အမြဲပြောတတ်သည်။ ဂျူးဆိုက သာ သူ့ကိုမေ့သွားသည်။ အပြင်လက်‌ေတွ့ဆန်ပါဟုလည်း အမြဲ ပြောတတ်သည်။ ဒီလူတွေကို အရမ်းကာရော မစွဲလမ်းမိစေဖို့ပေါ့။

(သူက မချစ်ဖူးမှန်း အရမ်းသိသာသည်။ ချစ်မိသွားရင် မစွဲလမ်းမိဖို့ ကြိုးစားခြင်းက မိုက်မဲမှုတစ်မျိုးပေ။ အရင်က သူမ စာအုပ်ထဲက ထွက်ချင်ပေမယ့် အခု သူမ ဒီစာအုပ်ထဲက သူတွေကို စောင့်ရှောက်ချင်မိလေသည်။)
x x x

ဘီတာကတော့ သတင်းသဲ့သဲ့ ကြားရပေမယ့် သူမကို ကော်ဘရာက ဖိတ်ဖို့ မျှော်လင့်ပေမယ့် ကော်ဘရာက စကားမဟချေ။
သူမ ဖရန်းနီကို စဉ်းစားမိပေမယ့် ဘာကြောင့်ရယ်မသိ၊ သူမ မပြောချင်။ ဒီလိုနဲ့ ကံတရားက မျက်နှာသာပေးတာလား၊ ကံဆိုးတာလား မသိ။ Auddin ဘက်မှ သူမကို ဖဲကြိုးဖြတ် ဗန်းကိုင် အနေနဲ့ မော်ဒယ် ငှားလေသည်။ ဈေးက အတော်ကြီး ပေးပြီး ငှားတာက တစ်‌ေကြာင်း၊ ဘာပဲ ပြောပြော သူမ ထိုပွဲကြီးကို တက်ချင်သည်က တစ်ကြောင်း၊ သူမ လက်ခံခဲ့လိုက်လေသည်။ Rose တို့ မိသားစုလည်း ပွဲကို တက်မည်ကိုး။ သူမ အနေနဲ့ သူတို့3ဦးနေလို့ မကောင်းအောင် လုပ်ပစ်ရမည်မလား အတွေးက တက်တက်စင်အောင်မှားလေသည်။
ဒယ်ဒီက အံအားသင့်စရာပေ၊ သူက တကယ့်ကို အရှက်မရှိ၊ rose ကို သမီးသမီးနဲ့အဖက်လုပ်နေပြီး သူမကို မသိသလို ဟန်ဆောင်နေလေသည်။ တကယ်တော့ သူမ နားလည်မိသည်။ သူက အခြားသူစိမ်းများကို မရှင်းပြချင်တော့တာလည်းပါမည်။ သူ၏ အိမ်ထောင်ရေးကို အပြစ်ပြောကြမှာစိုးတာလည်း ပါမည်။
x x x
သူမ စိတ်မကောင်း၊ အံဩစွာနဲ့ ကြည့်နေချိန် ကော်ဘရာက အအေးခွက်လေး ကိုင်ကာ ရောက်လာခဲ့သည်။

ငါက ဇာတ်လိုက်လား ဗီလိန်လား အရံလားWhere stories live. Discover now