"ဟမ်?"
ချန်းစီနျန် မျက်မှောင်ကုပ်သွားသည်ကိုတွေ့တော့ ချင်းစုယွဲ့က ရှင်းပြလိုက်ချင်ပေမယ့် ထိုအစား သူက သူမကို အမေးရှိလာသည်။
"မင်းက မော့ပေကို စိတ်ဝင်စားနေတာလား?"
ချင်းစုယွဲ့က တကယ်ကိုပင် ဤသို့ ဖြေပစ်ချင်လှသည်။
"ဝတ္ထုထဲက ဇာတ်ရံအမျိုးသား ကာရိုက်တာအပေါ် ကျွန်မ နည်းနည်းတော့ စိတ်ဝင်စားမိပါတယ်!"
ဒါပေမယ့် သူမက ထိုသို့ ဘယ်တော့မှ ပြောနိုင်လိမ့်မည်မဟုတ်ချေ။
ထိုအစား သူမမှာ အပြုံးလေးနှင့်သာ ခေါင်းခါပြနိုင်လေ၏။
"ဟင့်အင်း ဟင့်အင်း စိတ်မဝင်စားပါဘူး"
ချန်းစီနျန်က သူမကိုကြည့်လိုက်ပြီး ဘာမှတော့ ဆက်မပြောတော့ပဲ ပြန်လှည့်သွားလေသည်။
ထိုအခါမှ မော့ပေနှင့် ရှန်ဝမ်းယန့်တို့ ဝင်ထိုင်လိုက်ကြပြီးပြီဆိုတာ ချင်းစုယွဲ့က သိရှိမိသွား၏။ ဘယ်လိုတောင် တိုက်ဆိုင်လိုက်သလဲဆိုတာ သူတို့နှစ်ယောက်လုံးက သူမနှင့် မျက်နှာချင်းဆိုင်တွင်ပင်။
ချင်းစုယွဲ့က သူမရဲ့တူတစ်စုံကို လှုပ်ရှားလျက် စားစရာတွေကို မယူရသေးခင်မှာပဲ မော့ပေ၏ စကားသံကို ကြားလိုက်ရသည်။
"အားနျန် ... ငါတို့နဲ့ မိတ်မဆက်ပေးတော့ဘူးလား?"
ချန်းစီနျန်က ဒီမေးခွန်းကို ကြားလိုက်ရချိန်မှာ အခွံခွာပေးထားသည့် ပုစွန်ထုပ်အား ချင်းစုယွဲ့ရဲ့ ပန်းကန်ထဲသို့ ထည့်ပေးလေ၏။ သူက မော့ပေကိုကြည့်လိုက်ပြီးနောက် ချင်းစုယွဲ့ရဲ့အကြည့် လားရာဆီသို့ ကြည့်လိုက်လျက် သူတို့နှင့် မိတ်ဆက်ပေးလေသည်။
"မော့မိသားစုရဲ့မြေး မော့ပေတဲ့ ... ဒါကတော့ ငါ့ရဲ့ဇနီး .. ချင်းစုယွဲ့"
ချင်းစုယွဲ့ "..."
ဇနီးဆိုတဲ့ အသုံးအနှုန်းက ငါတို့နှစ်ယောက်ထဲရှိတဲ့အခါမှ သူ သုံးတာ မဟုတ်ဘူးလား? ဒီနေ့ကျတော့ ...
ရှန်ဝမ်းယန့်ရဲ့လက်က သောက်စရာခွက်ကို မ လိုက်ချိန်မှာ တုန်ရီနေသည်ကို ချင်းစုယွဲ့ ရှင်းရှင်းလင်းလင်း တွေ့လိုက်ရပြီး မော့ပေကလည်း ရှန်ဝမ်းယန့်အား အမှတ်မထင် ကြည့်လိုက်လေသည်။ အဲဒီနောက်မှ သူက အပြုံးတစ်ပွင့်နှင့် ပြန်ပြောလာသည်။
"ချင်းမိန်းကလေး .. နောက်ဆုံးတော့ ... မင်းကိုတွေ့ခွင့်ရတာ ဂုဏ်ယူပါတယ်ဗျာ"