7

2.4K 247 42
                                    

Zawgyi

ဒီနှစ်မိုးက မနှစ်ကထက်ပိုများနေသလိုပဲ၊ မိုးလင်းမိုးချုပ်ရွာလိုက်တာများ တစ်ရက်မှမပျက်ဘူး၊ မိုးသည်းတော့ Jung Kook တို့ရဲ့ ကော်ဖီဆိုင်တောင် လူသိပ်မလာကြဘူး၊ ဆိုင်ကိုလူသိပ်မလာတဲ့ရက်တွေဆို Jung Kook က တစ်နေ့တစ်နေ့မုန့်အသစ်အဆန်းတစ်မျိုးပြီးတစ်မျိုးလုပ်ဖြစ်တယ်၊ Tae Hyung ကတော့ စာအုပ်တစ်အုပ်နဲ့ ညိမ့်ပေါ့၊ တစ်ခါတစ်လေတော့ Yoongi ရောက်လာတတ်ပြီး ကျောင်းပိတ်တဲ့ရက်တွေဆို ဆော့လေးပါ ပါလာတတ်တယ်၊ Yoonji လာတဲ့ ရက်တွေဆိုရင်တော့ Kim Tae Hyung တို့အကြိုက်ပဲ။

"Jung Kook ရှေ့မှာ ဧည့်သည်လာတယ်.....သွား အော်ဒါသွားကောက်ခဲ့........''

စာအုပ်ဖတ်မပြတ်လှမ်းပြောတဲ့ Tae Hyung ကို Jung Kook မျက်စောင်းထိုးပြီး အရှေ့ဘက်ထွက်လာခဲ့လိုက်သည်။

"ချာတိတ်ဘာမှာမလဲ.......''

အထက်တန်းကျောင်းသူမလေးတစ်ယောက် Jung Kook မေးလိုက်တော့မော့ကြည့်ပြီး Jung Kook ကိုဟဲခနဲရယ်ပြလာတယ်။

"ဪ Oppa cup cake နဲ့ coffee Latte ပဲပေးပါ.......''

ကောင်မလေးမှာတာကို Jung Kook ကိုယ်တိုင်ပဲ ပြင်ဆင်ပေးပြီးချပေးလိုက်တယ်။

"ဟိုလေ Oppa......''

Jung Kook ပြန်ထွက်ခါနီးမှ တစ်ခုခုမေးချင်နေတဲ့ ကောင်မလေးပုံစံကြောင့် ပြန်လှည့်ပြီး......

"ဘာမေးချင်လို့လဲ ချာတိတ်.......''

Jung Kook မေးတော့ ကောင်မလေးက ဟဲခနဲရယ်ပြလာပြန်တယ်၊ ရောက်ကတည်းက ဒီကောင်မလေး သူ့ကိုရယ်ပြနေတာ သုံးလေးခေါက်မကတော့ဘူး၊ ပြီးတော့ မိန်ကလေးဖြစ်ပြီး ရယ်သံက ဟဲဟဲတဲ့၊ လုံးဝကိုမိန်းမမဆန်လိုက်တဲ့ရယ်သံ၊ ဝတ်ထားတဲ့ ကျောင်းယူနီဖောင်း စကက်အတိုရဲ့အောက်မှာ အားကစားဘောင်းဘီအရှည်ကြီးလည်းခံဝတ်ထားသေးတယ်။

"Oppa ရှင်ဟေးနဲ့ ခဏလောက်ထိုင်ပေးလို့ရမလား....ရှင်ဟေးမေးစရာရှိလို့.......''

ခေါင်းညိတ်ပြပြီး Jung Kook ဝင်ထိုင်လိုက်တော့ ကော်ဖီကိုတစ်ငုံလောက်သောက်ပြီး သူ့ကိုထပ်ရယ်ပြလာပြန်တယ်၊ ရယ်ကြောထိနေတဲ့ပုံပဲ၊ ပုံစံလေးကတော့ စိတ်မမှန်တဲ့ရုပ်မဟုတ်ဘူး။

SpareWhere stories live. Discover now