4

3.3K 342 53
                                    


Zawgyi


"မြို့ထဲသွားမို့လား......''

"မြင်ရုံနဲ့မသိဘူးလား......''

Tae Hyung ခုံသုတ်နေတဲ့ အဝတ်စကိုပစ်ချပြီး ဘာမှဆက်မပြောတော့ဘူး၊ စလွယ်သိုင်းအိတ်တစ်ခုထဲ ဟိုဟာထည့်သည်ဟာထည့်လုပ်နေတဲ့ Jung Kook ကိုသာလက်ပိုက်ပြီးကြည့်နေလိုက်တော့သည်၊ ပုံစံကြည့်တော့ သေးသေးညှပ်ညှပ်နဲ့ မထင်ရင်မထင်သလို စွာတတ်သေးသည်၊ ပက်ခနဲပက်ခနဲ ရှေ့မကြည့်နောက်မကြည့်ကလဲပြောတတ်သေးသည်။

ဝတ်ထားတဲ့အဝတ်အစားက တိုးလိုးတွဲလောင်းနဲ့ အဖြူရောင်ချည်းပဲ စုစုပေါင်းငါးထပ်လောက်ရှိမည်၊ ကလေးလိုလိုခွေးခွေးလိုလိုနဲ့ ဒီကောင်လေးဟာ တကယ်တော့အမြဲအလွဲလွဲအချော်ချော်နှင့် ဘယ်သောအခါမှ စိတ်ချရတယ်လည်းမရှိပါ၊ အဲ့ဒါကြောင့် တစ်ခါတစ်လေဆို Tae Hyung သူ့ကိုတစ်ယောက်တည်း လွတ်မထားရဲတာလည်းပါသည်။

"မျက်မှန်ရော.....မျက်မှန် မျက်မှန်......''

"ရော့!!......"

အရောင်းကောင်တာအောက်တွေမှာပါ ဟိုစမ်းသည်စမ်းရှာနေတဲ့ Jung Kook ကို ဘေးစားပွဲမှာတင်ထားတဲ့ မျက်မှန်အဝိုင်းလေး ခပ်မြန်မြန်တပ်ပေးလိုက်ရသည်၊ မဟုတ်ရင်ဒီငနဲ ဒီနေ့အဖို့ရှာဖွေရေးလုပ်နေတာနဲ့ အပြင်သွားရဖို့လမ်းမမြင်။

"ကျေးဇူးပဲ Tae Hyung ရာ....မင်းကိုမနက်ဖြန်နားရက်ပေးမယ် Yoonji နဲ့ လျှောက်လည်နော်.......''

မျက်နှာချိုသွေးနေတာမှန်းသိပေမယ့် စိတ်ကျေနပ်အောင် Tae Hyung ခေါင်းသာညိတ်ပြလိုက်သည်၊ ဟန်ပါပါဘေးလွယ်အိတ်ကြီးလွယ်ကာ ထွက်သွားတဲ့ Jung Kook နောက်ကျောကိုကြည့်ပြီး Tae Hyung ခေါင်းသာခါယမ်းမိသည်၊ ဘေးလွယ်အိတ်ဆိုတာကလည်း သူ့တစ်ကိုယ်လုံးတောင်ဝင်နေလို့ရတဲ့ ဆာလာအိတ်လားမသဲကွဲ၊ အဲ့အိတ်ရတုန်းကများ Jung Kook တစ်ယောက်အပျော်လုံးဆို့နေတာကို သူပြန်မြင်ယောင်မိသေးသည်။

သူငယ်ချင်းတွေအတွက် တစ်ယောက်နဲ့တစ်ယောက် နှစ်တိုင်းမွေးနေ့လက်ဆောင်ပေးကြပေမယ့် ကပ်စီးနည်း Yoongi ကတော့ ဘယ်တော့မှ လက်ဆောင်ပေးတယ်ရယ်မရှိပါ၊ ဒါပေမယ့် ထူးထူးဆန်းဆန်း Jung Kook ရဲ့ အသက်သုံးဆယ်ပြည့်မွေးနေ့မှာ ဘာစိတ်ကူးပေါက်တယ်ရယ်မသိ ထိုစလွယ်သိုင်းအိတ်ကြီးကို လက်ဆောင်ပေးလေသည်၊ ပျော်တစ်ပြုံးပြုံးဖြစ်နေတဲ့ Jung Kook ကလည်း Yoongi ပေးတဲ့လက်ဆောင်ကို သဘောအကျကြီးကျကာ အမြဲထုတ်လွယ်သည်၊ ဘာလိုလိုနဲ့အခုဆို ငါးနှစ်တောင်ရှိသွားပြီပဲ၊ Yoongi တစ်ယောက်ဆို အိမ်ထောင်ကျလို့ အခုဆိုသူ့သားလေးတောင်မူကြိုတက်နေပြီဖြစ်သည်၊ သူနဲ့ Jung Kook မှာသာ ဂေါ်မစွန်လူပျိုသိုးကြီးတွေဖြစ်နေကြတာဖြစ်သည်။

SpareWhere stories live. Discover now