Sunshine_11

2.1K 245 16
                                    

Uni

"ပါး ခုဘာလုပ်ဖို့?"

အလုပ်သွားဖို့အိမ်ပြင်ထွက်ရုံရှိသေးတယ်
မေးလာတဲ့shineစကားကြောင့်လည်နင်
သွားသည်။

"မျက်စိနဲ့ကြည့်လေ"

"ပါးအလုပ်သွားမှာမလား။သွားမနေနဲ့
အလုပ်ရှင်ကိုခွင့်တောင်းထားတယ်။ပါးနေ
မကောင်းလို့မလာဘူးလို့..."

"ဘာ.......ငါနေကောင်းတာပဲ။
ဘယ်မှာနေမကောင်းလို့လဲ။မရဘူးသွားမယ်"

Shineကဟုတ်လို့လားဆိုသည့်မျက်နှာပေးနှင့်
အနားရောက်လာသည်။

"မှန်းစမ်းကြည့်ရအောင်"

ပြောပြောဆိုဆိုလက်ကိုဆွဲကာသွေးကြောစမ်း
သလိုလိုဘာလိုလိုလုပ်နေသည့်shineကြောင့်
နှောင်းညရင်ခုန်လာပြန်သည်။

"အနားမကပ်စမ်းနဲ့"

နီနေသောမျက်နှာကိုဖုံးကွယ်ရန်ဟိုငုံ့ဒီငုံ့ဖြစ်
သွားသောနှောင်းညကိုshineကရယ်သည်။

"ပါးကလဲ ကြည့်လို့မပြီးသေးဘူးလေ"

Shineကနှောင်းညမျက်နှာကိုဆွဲမော့လိုက်
တော့မျက်လုံးနှစ်ခုဆုံသွားသည်။
Shineရဲ့ထွက်လေကနှောင်းညကိုရိုက်ခတ်
သည့်အပြင်နှောင်းညရဲ့ထွက်လေကလဲshine
ဆီမှာ။

နှုတ်ခမ်းနှစ်ခု၏နီးစပ်နေသောpositionကို
နှောင်းညသတိရမိသည့်အခါမှာshineရဲ့နှုတ်
ခမ်းကသူ့ဆီကိုတဖြေးဖြေးတိုးလာနေပြီ။
ရုန်းမရလောက်အောင်တောင့်တင်းသွားသည့်
ခန္တာကိုယ်မှာလွတ်ရန်မရှိတာမို့မျက်စိကိုပဲအတင်းဖိပိတ်လိုက်သည်။

"အကို......အကိုနှောင်းည"

"Shit....."

Shineကသူ့နှာဖူးကိုရိုက်၍တိုးတိုးရေရွတ်
သည်။နှောင်းညကတော့ခြံဝကိုရောက်သွား
ုပြီဖြစ်ကာ

"အကို နေမကောင်းဘူးဆို
ညီမ သစ်စက်ကိုသွားသေးတယ်။ကိုကြီးပြော
ပြလိုက်လို့စိတ်ပူပြီးဝင်လာတာ"

"အင်းညီမ။ဟို .....အကိုသက်သာပါတယ်"

"အင်းပါ။ဒါပေမဲ့ညီမဝယ်လာတဲ့ဖက်ထုပ်
ဆီချက်လဲစားလိုက်ပါဦး။အကိုကြိုက်မှန်းသိ
လို့ဝယ်လာတာ ဟီးဟီး"

Sunshine(Completed)Where stories live. Discover now