Sunshine _8

2K 242 5
                                    

Uni

ဆေးရုံကအိမ်ကိုပြန်လာတော့အိမ်ကတိတ်လို့ဆိတ်လို့.....
သူဟိုးအရင်ကတည်းကနေခဲ့တဲ့အတိုင်းသူ့
နားတွေကန်းလောက်တဲ့အထိတိတ်ဆိတ်နေ
တာလေ။

Shineရဲ့အဝတ်အစားသေတ္တာလေးကိုဖွင့်
ကြည့်လိုက်သည်။သူတွေးထားတာနဲဆန့်
ကျင်စွာအဝတ်အစားတွေရှိနေသေးသည်။

အင်းလေ....
သူ့အမေကပိုက်ဆံရှိတာပဲ။ငါ့ထက်ပိုဝယ်ပေး
နိုင်တာပေါ့။
သူ့စိတ်ထဲနုံးချိနေသည်။

အိပ်ရာပေါ်မှာလှဲလိုက်တော့အရင်ကအချိန်ကိုပြန်တွေးမိနေကာအိပ်လို့မပျော်နိုင်။
ခဏလေးပါ။ဒီအချိန်တွေကိုကျော်နိုင်ရင်ငါ
သူ့ကိုမေ့သွားမှာပါ။ဟုတ်တယ်။
မေ့သွားတော့မှာ....

သက်ပြင်းကိုခပ်ဖွဖွချရင်းမျက်နှာချင်းဆိုင်အခန်းကိုလှမ်းကြည့်မိသည်။shineသာဒီအ
ချိန်ရှိနေရင်အဆင့်၁ရဖို့မအိပ်ပဲစာကျက်နေအုံးမှာ။အဲ့ခါကျသူကအိပ်ဖို့အတင်းတိုက်တွန်း
ရရော။

သူ့အမေရောအဲ့လိုဂရုစိုက်ပေးပါ့မလား။
အရင်တုန်းကတော့ဘာရယ်မဟုတ်ဓာတ်ပုံ
ရိုက်ဖို့စိတ်မဝင်စားခဲ့ပါ။
ခုမှဒါတွေနောင်တရမိသည်။ဓာတ်ပုံတစ်ပုံ
လောက်တော့ရှိသင့်တာ....

ညကတိတ်ဆိတ်သည်ထက်တိတ်ဆိတ်လာသည်။အခုတော့သူအမှောင်ကိုလဲကြောက်
လာပြီ။
အိပ်ခန်းမီးကိုဖွင့်ကာနားစွင့်ရင်းအိပ်လို့လဲ
မပျော်....

သူ မသိခဲ့ပါ။shineရဲ့စာကျက်သံခပ်တိုး
တိုးကသူ့အိပ်ဆေးဆိုတာ....
မနေနိုင်စွာဘဲတစ်ဖက်အခန်းကိုအရဲစွန့်ပီး
သွားလိုက်သည်။

အခန်းလေးကသူ့သခင်မရှိတော့ဘူးဆိုတာသိပုံမပေါ်။
နေမြဲအတိုင်းလေးပင်။
ခရီးမသွားခင်ကသိမ်းထားခဲ့သောshine
၏ခေါင်းအုံးလေးကိုထုတ်လိုက်သည်။

နမ်းရှိုက်မိတော့shineရဲ့ရနံ့သင်းသင်းလေး
သူအပြည့်အဝတောင်မရှူရဲပါပေ။
အရမ်းရှူမိရင်အနံ့လေးပျောက်သွားမှာပေါ့။
ခေါင်းအုံးလေးကိုပိုက်ကာshineရဲ့ခုတင်
ပေါ်လှဲချလိုက်သည်။

"ပါးဒီညဒီမှာအိပ်မယ်နော် shine”

"Shineရေ...ပြန်ဖြေအုံးလေ”

Sunshine(Completed)Where stories live. Discover now