Sunshine-4

2.5K 282 37
                                    

Uni

"ဒီနေ့စာမေးပွဲနော်shine။စာရောရပြီလား။
မင်းကအတန်းကြီးပြီနော်။ပေါ့လို့မရတာသိ
တယ်မလား။ဘောပင်ရောပါရဲ့လား။
ခဲဖျစ်မေ့မယ်shineရေ။"

နှောင်းညကမိန်းမကြီးတစ်ယောက်လိုပူညံ
ပူညံလုပ်နေရုံသာမကshine၏လွယ်အိတ်.ကိုလဲကိုယ်တိုင်စစ်ဆေးနေသေးသည်။

စာရေးကိရိယာအစုံပါတာမြင်မှကျေကျေနပ်
နပ်ပြုံးကာလွယ်အိတ်လေးကိုလွယ်၍
ကျောင်းလိုက်ပို့လေသည်။

"Shineကောင်းကောင်းဖြေနော်။
မဖြေခင်ဘုရားရှိခိုးအုံးကြားလား။
အဆင့်၁ရရင်ဆုချမယ်။မင်းကြိုက်တာပြော"

နှောင်းညကချက်ချင်းမပြန်သေးဘဲကျောင်း
ရှေ့မှာသြဝါဒချွေနေလေသည်။
တခြားမိဘတွေလဲနှောင်းညလိုပဲဖြစ်ကာ
တချို့တွေဆိုစာမေးပွဲတစ်လျောက်လုံးထိုင်
စောင့်မဲ့သူတွေတောင်ပါလေသည်။

Shineကခေါင်းညိတ်ကာကျောင်းထဲဝင်မ
လို့ပေမဲ့ဆုဆိုသည့်အသံကြားတာနဲ့ပြန်လှည့်
လာသည်။

"ပါး တကယ်ပြောတာလား"

"ဒါပေါ့ယောကျ်ားကတိပဲ"

နှောင်းညပြောပြီးကာမှပြန်စဉ်းစားရသည်။
သူမတတ်နိုင်တာပူဆာရင်ရော။

"ဒါမဲ့ပါးတတ်နိုင်တာကိုပြောပေါ့ကွာ"

"ဟုတ်"

Shineကကျောင်းကြီးထွက်ပြေးသွားမှာစိုး
သည့်အလားခေါင်းမြန်မြန်ငြိမ့်ပြကာကျောင်း
ထဲပြေးဝင်သွားတော့သည်။

"သား,မင်းပါးပါးလဲပင်ပန်းမှာပဲနော်။
တကယ်ဆိုဒါမျိုးကအမေတွေလုပ်ရမှာလေ။
သားပါးပါးကမိန်းမ မယူတော့ဘူးတဲ့လား။
ရီးစားရှိမဲ့ပုံတော့မပေါ်ဘူးနော်။"

Shine၏အတန်းပိုင်ဆရာမလေးကshineကိုတွေ့တော့စပ်စုလေသည်။
Shineကတော့သူ့မူပိုင်အေးစက်စက်မျက်နှာ
နှင့်ပင်......

"ပါးကရီးစားများလွန်းတာပါတီချယ်
အမ်....."

Shineကအနဲငယ်စဉ်းစားဟန်ပြုပြီးနောက်
ဆက်ပြောလေသည်။

"လက်ရှိတော့ရှစ်ယောက်ရှိတယ်"

တစ်သက်လုံးfaဖြစ်လာသောနှောင်းည: ......

Sunshine(Completed)Where stories live. Discover now