Sunshine_5

2.3K 262 6
                                    

Uni

တည်းခိုခန်းမှာအခန်းငှါးပြီးရေမိုးချိူးကာဘု
ရားပေါ်တက်လာခဲ့သည်။
Decemberမို့ထင်၏။
တစ်နိုင်ငံလုံးသာမကအခြားနိုင်ငံများကပါ
လာရောက်လည်ပတ်ကြသဖြင့်လူအတော်
များနေခဲ့သည်။

နှောင်းညလဲshineလက်ကိုတွဲကာဘုရားပေါ်
တက်ခဲ့သည်။
ဆံတော်ရှင်စေတီတော်မြတ်ကိုရှိခိုးပြီးတဲ့
နောက်သူ့မိသားစုတွေကောင်းရာမွန်ရာ
ရောက်ကြောင်းဆုတောင်းမိပြန်သည်။

ဆည်းလည်းသံတချွင်ချွင်ကပျံ့လွင့်လာ၏။
ခေါင်းလောင်းသံလေးတွေနဲ့ဤနေရာသည်
သာယာအေးချမ်းနေလေသည်။
တောင်ထိပ်ကိုပတ်ကာ ကာရံထားသောစ
တီးလက်ရန်းနားကိုသူတိုးကပ်သွားမိသည်။

အရှေ့ကမြင်ကွင်းကသူ့အားဆီးကြိုနေလေ
သည်။ကြီးမားလှပါသောတောင်တန်းကြီး
တွေ၊အစိမ်းရောင်သစ်ပင်တွေ၊ဟိုး...အဝေး
တောင်ထိပ်ပေါ်ကမြင်ရတဲ့စေတီတွေ....

တောင်ထွဋ်ရှိတိုင်းစေတီတည်သည့်ဓလေ့
သည်မြန်မာတွင်ရှိခဲ့သည်။
တောင်တိုင်းမှာသာမဟုတ်မြစ်ကမ်းနားမှာပါ
စေတီတည်လေ့ရှိကြသည်။
အလွန်ချစ်စရာကောင်းသောဓလေ့ပါပေ။

သစ်ပင်ကြီးများကဖုံးနေသဖြင့်တောင်ကြီး
များမှာမြေသားကိုပင်မမြင်ရချေ။
နောင်.....နှစ်တွေကြာလာသည့်အခါထိုသစ်
တောအုပ်လေးပျောက်ကွယ်သွားမှာနှောင်း
ညစိုးရိမ်မိသည်။

တောင်ပေါ်လေကစိတ်ကိုလန်းဆန်းစေ
သည်။လွတ်လပ်မှုကိုခံစားရင်းဘေးမှshine
ကိုငဲ့ကြည့်မိသည်။
Shineကလဲသူ့ကိုငဲ့အကြည့်နဲ့တိုးကာမျက်
လုံးချင်းဆုံသွားကြသည်။''

Shineရဲ့မျက်လုံးထဲမှာသူမမြင်နိုင်တဲ့တစ်ခု
ခုရှိနေသည်ဟုခံစားမိလိုက်သည်။
အင်း။တကယ်ကိုဒီကလေးရဲ့မျက်လုံးတွေ
ကအဖေတစ်ယောက်ကိုကြည့်တာနဲ့မတူဘူး
ိ လို့သူခံစားနေရတယ်။

ဘာပဲဖြစ်ဖြစ်သူစိတ်ဝင်စားတာအဲတာမဟုတ်
ချေ။ချောမောနေတဲ့shineရဲ့မျက်နှာဖြစ်
သည်။သူကိုယ်တိုင်မသိလိုက်ခင်မှာပင်
သူနဲ့shineရဲ့ကြားမှာသိပ်မဝေးတော့ချေ။
လက်ဝါးလေးနဲ့shine၏မျက်နှာကိုဖွဖွပွတ်
ကာမနေနိုင်ပဲပြောမိပြန်သည်။

Sunshine(Completed)Where stories live. Discover now