Sunshine_6

2K 245 20
                                    

Uni

ဈေးတန်းကမီးရောင်စုံတို့ဖြင့်အသက်ဝင်နေ
သည်။ဘုရားဆင်းထုများ၊တဘက်များ၊ဆွယ်
တာများနှင့်ဒေသထွက်စားစရာအစုံရောင်းချနေသော်လည်းနှောင်းညဘာကိုမှစိတ်မဝင်စားနိုင်ပါ။

သူသိတာကသူ့ပုခုံးပေါ်ကshineရဲ့လက်
နဲ့အကျႌတွေကိုဖောက်ဝင်လာသည့်ကိုယ်ငွေ့
နွေးနွေးဖြစ်သည်။
တဒိန်းဒိန်းခုန်နေသောနှလုံးကလည်ချောင်း
မှာတစ်နေသလားပင်ထင်ရသည်။

သူများခြေထောက်မနင်းမိရေးအာရုံစိုက်ရပြန်
သဖြင့်နှောင်းညနားထင်တွင်ချွေးတောင်ခိုနေ
သည်။

"ပါး ပင်ပန်းပြီလား"

"အင်း...ရ.ရပါတယ်"

"ရှေ့ကဆိုင်မှာထိုင်ရအောင်။ညစာမှမစားရ
သေးဘဲ"

Shineပြောမှသူသတိရသည်။
သရေစာတွေလျှောက်စားထားသဖြင့်ဗိုက်က
မဆာသေးချေ။
ဒါပေမဲ့ပုခုံးဖက်ခံရသည့်အခြေအနေမှလွတ်
မြောက်ရန်ညနေစာစားဖို့လိုသည်လေ။

ဆိုင်တွေကလူပြည့်လျက်ပင်ရှိသည်။
မိသားစုတစ်ခုကိုခွင့်တောင်းပြီးသူတို့ဝိုင်းမှာ
ပင်ဝင်ထိုင်လိုက်ရသည်။
နှောင်းညကထမင်းလာချတာကိုစောင့်နေရင်း
ပင်ရှေ့ကလင်မယား၏roမှုတစ်သိန်းကို
သည်းခံနေရသည်။

RSတွေကမ်ဘာပေါ်ကပျောက်သွားသင့်တယ်။
တကယ်။

မကျေမနပ်ဖြင့်ပန်းကန်ထဲပါလာသောငရုတ်
သီးကိုဝါးမိပြန်သည်။

အား....rsစုတ်တွေ။ကံကိုဆိုးတယ်။

"ပါး ရော့နွေးနွေးလေး။
သောက်လို့ရတယ်။"

ကြက်သွေးရောင်ထနေသောမျက်နှာကိုကြည့်
ရင်းshineကရိပ်မိပုံပေါ်သည်။
ရေနွေးတစ်ခွက်ကိုတဖူးဖူးမှုတ်ပြီးလက်ထဲလာထည့်ပေးသည်။

အာ...ဒီကလေးကတော့ငါသဘောကျ
အောင်လုပ်ပြန်ပြီ။

"Shine ပါးမကုန်တော့ဘူး"

"ဒါဆိုခဏစောင့်။ကျတော်ပြီးတော့မှာ"

"အင်း"

နှောင်းညလဲလုပ်စရာမရှိတာနဲ့ဟိုစုံတွဲကိုမျက်
နှာလွှဲကာတခြားဘက်ကိုကြည့်နေလိုက်သည်

Sunshine(Completed)Where stories live. Discover now