Jin:မဖြစ်နိုင်တာ...

Jin သူ့ကိုယ်သူမယုံနိုင်. သူ၆ နှစ်လုံးလုံး လဲလျောင်းနေမိတာလား..

==============

လွန်ခဲ့သော ၆ နှစ်က

ဆိုလ်း အထက်တန်းကျောင်းတစ်ခု၌

"Jin မင်းကိုဆရာမခေါ်နေတယ်''

"Omm..''

Jin ဆိုသည်မှာ အတန်းထဲ၌ စာအရမ်းတော်သော
ကောင်လေး..ဆရာ ရာမတွေရဲ့ အယုံရဆုံးလူသားလေး..ဆင်းရဲပင်မဲ့ စာ တော်လို့ ဆရာ ဆရာမတိုင်းက ချစ်လေသည်။

"Sam..ကျွန်တော့ကို ခေါ်တယ်ဆိုလို့''

"အင်း..seok jin ဒီနှစ် ထူးချွန်စာမေးပွဲအတွက်လည်းသားကို ပဲ အားကိုးရမှာမို့လို့ ကြိုးစားပေးပါဦး''

" ဟုတ် sam''

ဆရာ ဆရာမ နားနေဆောင်က အတန်းထဲအလာ

"Jin ငါ့ကို ကန်တင်းမှာ နို့စတော်ဘယ်ရီနဲ့ ပေါင်မုန့်
သွားဝယ်ပေးဦး''

"ဟင်...အင်း''

မဝယ်ပေးဘူး ဟူ၍လည်း မငြင်းရဲ...လူတိုင်းနဲ့ အလိုက်သင့်ပေါင်းနိုင်လို့ မုန့်ဝယ်ပေးရတာက လွဲ၍လည်း
တခြားပြသနာကြီးကြီးမားမား မရှိ

"Jin ကျောင်းဆင်းရင် ရုပ်ရှင်သွားကြည့်ရအောင်''

"ဘယ်လို လုပ်မလဲ..ငါအချိန်ပိုင်း အလုပ်ရှိတယ်..
တောင်းပန်ပါတယ်''

Seok jin မှာ အမေ မပင်ပန်းအောင် အချိန်ပိုင်းအလုပ်လုပ်ရင်း ကိုယ့်ကျောင်းစရိတ်ကိုယ်ရှာနေခြင်းပင်။

နောက်ဆုံးစာမေးပွဲ ဖြေအပြီး အချိန်ပိုင်းအလုပ်နေရာ
လာရန် ကားလမ်းအကူး အရှိန်ပြင်းပြင်းမောင်းလာတဲ့
ကားတစ်စီးနဲ့ တိုက်မိပြီး ဆေးရုံသို့ရောက်နေခြင်းပင်။

=================
Jin အတွေးများကို လက်စသက်ကာ

"အမေရော..ကျွန်တော့အမေ လာမတွေ့ဘူးလား''

Tae တစ်ယောက် မျက်နှာ ပျက်သွားကာ အရင် ဆုံးဆေးစစ်ကြည့်ရအောင်..

အခြေအနေတွေ အကုန်ပုံမှန်ဖြစ်သော်လည်း ခန္ဓာကိုယ်
မှာ ကောင်းစွာ မလှုပ်ရှားနိုင် သေး..

Stranger From Hell { complete }Where stories live. Discover now