_i_

91.2K 3.2K 292
                                    

[_Zawgyi_]

"ဟင်းးးးးး"

ရေခဲ​သေတ္တာအားဖွင့်​ကြည့်​ရာ​ပြောင်​သလင်းခါ​နေ​သော
ကြောင့်​ သက်​ပြင်းရှည်​ရှည်​ချလိုက်​တဲ့Kim Tae Hyung...

"ပိုက်​ဆံကလည်းမရှိ​တော့ပါဘူးဆိုမှ....ဘာ​တွေကုန်​လို့ကုန်​မှန်းကိုမသိဘူး...."

ရေခဲ​သေတ္တာအားပြန်​ပိတ်​လိုက်​ပြီးအဝတ်​ဗီဒိုဆီသွားက long coat အဝါကိုယူပြီးဝတ်​လိုက်​သည်​....

ထို့​နောက်​အနည်းငယ်​သာရှိ​တော့​သောပိုက်​ဆံတို့ကိုယူပြီး
တိုက်​ခန်းမှထွက်​လာခဲ့သည်​....

တိုက်​​အောက်​ကိုဆင်း​​လေတော့...

"ဟဲ့....Kim Tae hyung!!
နင်​အိမ်​လခ​ပေးဖို့စဉ်းစားထားဦး​နော်​...
လကုန်​​တော့မယ်​..."

စွာ​နေလိုက်​တဲ့ဤအသံကြီးအားမကြားချင်​မှအဆုံး...

"ဟုတ်​ကဲ့ပါဗျာ....အန်​တီကလည်း....လကုန်​ရင်​​ပေးမှာ​ပေါ့"

အိမ်​ရှင်​အ​ဒေါ်ကြီး၏​ရှေ့တွင်​အ​သေအချာရပ်​ပြီးမျက်​ချို​သွေး
ကာ​ပြော​လေသည့်​Kim Tae hyung....

"နင်​က​နောက်​ကျတက်​လွန်းလို့ပါ​အေ....
ငါကြို​ပြောထားတာ...."

"ဟုတ်​..."

"ဒါနဲ့....အခုကဘယ်​လဲ..."

"အာ.....​ရေခဲ​သေတ္တာထဲမှာပစ္စည်း​တွေကုန်​​နေလို့...အဲ့ဒါသွားဝယ်​မလို့...."

"​သြော်​...​အေး...​အေး..ငါကအဲ့ဒါလာ​ပြောတာ...သွား..သွား"

"ဟုတ်​...ခွင့်​ပြု​ပေးပါ​ဦး"

အရိုအ​သေ​ပေးခဲ့ရင်းသာ mini martရှိရာသို့ထွက်​လာ
ခဲ့သည်​...
ပိုက်​ဆံကသိပ်​မပါသည့်​အတွက်​အများကြီးလည်းမဝယ်​နိုင်​...
လိုမည်​ထင်​သည့်​ပစ္စည်းနည်းနည်းကိုသာဝယ်​လိုက်​ရသည်​..

ပစ္စည်းများအား counter တွင်​ရှင်းကြည့်​​တော့...

"won25000ပါရှင့်​...."

INSISTENT//KV[COMPLETED]Where stories live. Discover now