ကော်ဘရာ ပြတင်းပေါက်မှ ဖရန်းနီ တစ်ယောက်တည်း ကားပေါ်တက်ကာ သွားမည့် ပုံကို သူကြည့်နေလေသည်။ ကော်ဘရာ စိတ်တွေ တိုလာကာ အောက်ထပ်ကို ပြေးဆင်းသွားလေသည်။

သူပါရောပြီး ကားပေါ် တက်ထိုင်လိုက်လေသည်။
‌‌"ငါလိုက်ခဲ့မယ် ဖရန်းနီ"
ဖရန်းနီက ဘာမှ‌မပြော။
"ဖရန်းနီ ညဘက်တွေ အိပ်ပျော်ရဲ့လား။ အိပ်မက်ဆိုးတွေရော မက်သေးလား"
"အင်း အိမ်မက်ဆိုးကတော့ နည်းနည်း မက်သေးတယ်။ အိပ်လို့ကတော့ အဆင်ပြေပါတယ်။ အိပ်ပျော်ဖို့ကို‌ေတာ့ တော်တော်လေးတော့ ကြာတယ်။"

သူတို့ ကားပေါ်တွင် ဘာမှမပြော။

"ဘာတွေပဲ ဖြစ်ဖြစ်ပါ။ ဖရန်းနီ ဆေးခန်းသွားရင် ခေါ်ပါ။ ဖရန်းနီ စိတ်တိုင်းကျ Uncle တို့ကို မပြော‌ေစတာ က သူသိရင်လည်း နှလုံးရောဂါ ဖောက်သွားမှာစိုးလို့ ဆိုပေမယ့်၊ တစ်ယောက်တည်း တော့ ဖြေရှင်းဖို့ ငါခွင့်ပြုထားတာမဟုတ်ဘူး။"

သူမ ကားပေါ်တွင် ငိုလေသည်။

"ကော်ဘရာ ဖရန်းနီ မက်ခရိုနဲ့ ခဏပဲ တွဲမှာပါ ကော်ဘရာ အဲ့လိုတွေ မလုပ်ပါနဲ့။ ကြိုက်တဲ့သူကို တွဲပါ။ ဘီတာ့ကိုတော့ အဲ့လိုတွေ မလုပ်ပါနဲ့။"

ကော်ဘရာက သက်ပြင်းရှည်ကြီးချလိုက်လေသည်။

"ဘာလို့လဲ ဖရန်းနီ မင်းလည်း လူတွေ အများကြီး ရှိတာကို။ ဘာလို့ ငါ့သူငယ်ချင်းမှလည်း။ ဒါကို မင်းဘက်က မလျော့မပေးခြင်း ငါ့ ဘက်ကလည်း မလျော့ပေးနိုင်ဘူး။"

x x x

Rose က မူးမူးနဲ့ ကော်ဘရာ့ဆီ pH ဆက်လေသည်။

"ကော်ဘရာ ခဏလောက် တွေ့ကြရအောင်"
ကော်ဘရာ company ကနေ အပြန် သူ ဝင်တွေ့လိုက်လေသည်။
"ကော်ဘရာ rose အမေ ဘီတာ့ အဖေနဲ့ လက်ထပ်တော့မယ်။ ကော်ဘရာတို့ စိတ်ထဲ မာမီက မယားငယ်လို့ မြင်နေတာမလား။ အခု ဒယ်ဒီလို့ ခေါ်ရမလား။ သူက တရားဝင် မာမီ့ကို လက်ထပ်တော့မယ်တဲ့။ ဒါဆို ကော်ဘရာနဲ့ rose နဲ့ တန်းတူ သွားပြီမလားဟင်"

သူမ အတော်လေး မူးနေလေသည်။ ကော်ဘရာ ဘာမှမပြောပဲ ထိုင်ချလိုက်လေသည်။

"ကော်ဘရာက တကယ့်ကို အဆင့်အတန်းမြင့်မားတဲ့ သူ မလို့ အမြဲ rose ကို မတန်ဘူးလို့ ထင်နေတာမလား။ ဒါကြောင့်လည်း ဒယ်ဒီ့ သမီးအရင်းကို ကော်ဘရာက ရွေးလိုက်ပြီး ချစ်သူ အနေနဲ့ ထားလိုက်တာမလား။"

ငါက ဇာတ်လိုက်လား ဗီလိန်လား အရံလားDonde viven las historias. Descúbrelo ahora