Sunshine-1

8.1K 418 36
                                    

Uni

"ဘယ်​လို?
​ဟျောင်​့ ငါကဘာကိစ္စသူ့ကို​မွေးစားရမှာလဲ။
သူ့ကိုကားနဲ့တိုက်​မိတာမင်​း​လေ။
ငါမှမဟုတ်​တာ။"

"​အေးပါကွာ။​အေးပါ။
ခဏ​လောက်​ငါ​ပြောတာနား​ထောင်​​ပေးပါ။"
​တေဇက​​ခေါင်​းကိုတဗျင်​းဗျင်​းကုတ်​ရင်​း
​တောင်​းပန်​ရှာသည်​။

"မင်​းသိတဲ့အတိုင်​းပဲကွာ။
ငါ့မှာမိန်​းမနဲ့က​လေးနဲ့။အဆိုးဆုံးကကွာ။
ငါက​ယောက္ခမအိမ်​မှာ​နေရတာကွ။
မင်​းကျ​​တော့တစ်​ကိုယ်​​တော်​မဟုတ်​လား။
အဲ့​တော့...."

​တေဇကဟီးခနဲရီပြပြီးမှစကားကိုပြန်​ဆက်​သည်​။

"အဲ​တော့ငါဆ်ိုလိုချင်​တာကကွာ
ငါတာ၀န်​မယူချင်​တာမဟုတ်​ဘူးဟ။
မဖြစ်​မ​နေမို့ပါကွာ။အဲ​တော့
မင်​းဒီက​လေးကို​မွေးစား​ပေးပါကွာ။
ငါစရိတ်​တာ၀န်​ယူပါ့မယ်​"

"​နေပါဦးကွာ။အဲ့က​လေးကတကယ်​ပဲမိဘမရှိ
တာလား။"

"​အေးကွ။ငါရဲစခန်​းလဲသွားတိုင်​တာပဲ။
စုံလဲစုံစမ်​းထားတယ်​။ဘာမှမသိရဘူးကွ။
အဓိက ကကွာ။
က​လေးကလုံး၀မမှတ်​မိဘူး။
အတိတ်​​မေ့တာထင်​တာပဲကွာ။နာမည်​က
လွဲရင်​ကျန်​တာဘာ​မေး​မေးမ​ဖြေဘူး။"

"အတိတ်​မေ့တာမဟုတ်​ဘဲမ​ပြောချင်​တာ
များလား။ဟိုကွာအိမ်​နဲ့ပြသနာရှိ​နေတာမျိုး"

"အဲတာ​တော့မသိဘူး။၁၁နှစ်​အရွယ်​​လေးကအိမ်​နဲ့အဲ့​လောက်​ထိခံစားရနိုင်​လို့လား
ငါ့စိတ်​ထင်​မမှတ်​မိတာ​နေမှာ။
သနားပါတယ်​ကွာ"

"အင်​း။ငါလဲသနားပါတယ်​ကွာ။
ဒါ​ပေမဲ့က​လေး​မွေးစားဖို့ဆိုတာလွယ်​မှမ
လွယ်​ပဲ။ပြီး​တော့...
ပြီး​တော့....အဲလိုဆိုငါမိန်​းမယူဖို့ကဘယ်​လို
လုပ်​မလဲ"

​နှောင်​းည စကားကို​တေဇကခွီးခနဲရယ်​​လေ
သည်​။

"​ဟျောင်​့ အဲ့စကားကိုရည်​းစားရှိမှ​ပြောစမ်​း။
တကတည်​း ကြိုက်​မဲ့သူလဲမရှိပဲနဲ့။"

"ဟာ...မင်​းကလည်​း "

​နှောင်​းည မျက်​နှာကြီးမဲသွား​လေသည်​။

Sunshine(Completed)Where stories live. Discover now