Episode 13

1.2K 259 17
                                    

(Unicode)

နှစ်ပတ်လည်နေ့မှာ ချစ်ရသူဟာ တခြားမိန်းကလေးတစ်ယောက် ကားပေါ်က ဆင်းလာတာ မြင်တဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ...။

ဒီလိုနေရာမှာ ဖြစ်နိုင်ချေ နှစ်ခုရှိတယ် ။ ပထမတစ်မျိုးကတော့ ချက်ချင်း ဝုန်းဒိုင်းကြဲပြီး နေရာမှာတင် သွေးပူပူနဲ့ပြဿနာရှာတတ်တဲ့ လူစားမျိုးဖြစ်တယ် ။ နောက်တစ်မျိုးက မသိချင်ယောင်ဆောင်ပြီး ဘာမှမဖြစ်သလို အေးအေးဆေးဆေး မေးတတ်တဲ့ လူစားမျိုး ။ သေချာပေါက် ဘတ်ဟျွန်းကတော့ ဒုတိယ လူစားမျိုးပဲပေါ့ ။

ကားပေါ်ကနေ ဆင်းလာပြီး ချန်ယောလ်နဲ့ ကောင်မလေးနဲ့က စကားတွေပြောနေကြသေးတယ် ။ အိမ်နဲ့ အလှမ်းဝေးတဲ့နေရာမှာ ရပ်နေကြတာကြောင့် သူတို့ မျက်နှာတွေ ဘယ်လိုရှိနေကြသလဲဆိုတာတော့ ဘတ်ဟျွန်း မမြင်ရဘူး ။

ဝရံတာလက်ရန်းကို ကိုင်ထားမိတဲ့ ဘတ်ဟျွန်းလက်တွေကို ခပ်တင်းတင်း ဆုပ်မိသွားတယ် ။ ရင်ဘတ်ထဲ တစ်ဆို့တစ်ဆို့ခံစားချက်ကြီးက ပြည့်တက်လာပြီး မျက်စိရှေ့က မြင်ကွင်းကို အကြည့်တစ်ချက်မလွှဲဘဲ ကြည့်နေမိတယ် ။

ခဏကြာတော့ ကောင်မလေးက ကားထဲ ပြန်ဝင်ပြီး ထွက်ခွာသွားတယ် ။ ချန်ယောလ်က ကားထွက်သွားတာကို ခဏရပ်ကြည့်နေပြီးမှ သူတို့အိမ်ရှိရာဘက်ကို လမ်းလျှောက်လာတယ် ။ ဘတ်ဟျွန်း သွေးခုန်နှုန်းတွေ ဒိတ်ခနဲ ခုန်သွားတာကြောင့် အသက်ကို ခပ်ဖြည်းဖြည်း ရှူလိုက်မိတယ် ။ ဝရံတာကနေ အိမ်ထဲကို ပြန်ဝင်လာခဲ့ပြီး ဘတ်ဟျွန်းက သူ့မျက်နှာကို ဘာမှမဖြစ်သလိုမျိုး အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားနေမိတော့တယ် ။

ချန်ယောလ် အိမ်ထဲ ဝင်လာမဲ့အချိန်ကို စောင့်နေရင်း ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ထိုင်ချလိုက်တယ် ။ မတည်ငြိမ်တဲ့ သူ့ခြေထောက်တွေက ထိုင်ချပြီး အနားပေးလိုက်မှ နေသာထိုင်သာ ရှိသွားသလိုပဲ ။ တလှပ်လှပ်တုန်နေတဲ့ ရင်ဘတ်နဲ့အတူ သူ့ရဲ့ မျက်လုံးတွေက မတည်မငြိမ် လှုပ်ရှားနေတယ် ။ ချန်ယောလ် ပြန်ရောက်လာရင် သူဘယ်စကားကို စပြောရမလဲလို့ ရူးကြောင်ကြောင်နိုင်စွာနဲ့ စဥ်းစားနေမိတယ် ။

PasserbyWhere stories live. Discover now