Episode 22

669 92 14
                                    

(Unicode)

လှုပ်လှုပ်ရှားရှားအသံတွေကြောင့် နိုးလာခဲ့တဲ့ ဘတ်ဟျွန်းက အလုပ်သင်ကောင်လေးလက်ထဲက သူ့နှုတ်ထွက်စာကိုမြင်တော့ ချက်ချင်းပဲ ထထိုင်လိုက်မိသွားတယ် ။

"ဒေါက်တာ...အလုပ်ထွက်တော့မှာလား..."

အလုပ်သင်ဆရာဝန်လေးရဲ့ တအံ့တသြ ရေရွတ်သံက ဘတ်ဟျွန်းကို အောင့်သက်သက် ရယ်မိသွားစေတယ် ။

အမှန်တကယ်တော့ ဘတ်ဟျွန်းက ဒီအကြောင်းအရာကို သေချာတိကျတဲ့ အချိန်တစ်ခု မရောက်ခင်အထိ ဘယ်သူ့ကိုမှ မပြောဘဲ ထားမယ်လို့ ဆုံးဖြတ်ထားခဲ့တာ...။ ကိုယ်တိုင် ဆုံးဖြတ်ရတဲ့ ကိစ္စတွေမှာ ဘေးလူတွေ ကြိုသိသွားလည်း စိတ်မကောင်းပါဘူး...ဝမ်းနည်းပါတယ် ဆိုတဲ့ စကားတွေကလွဲပြီး အကြံပြုချက် ၊ တောင်းဆိုချက်တွေဆိုတာ ကိုယ့်ဘဝဆုံးဖြတ်ချက်ကို ဘာမှအထောက်အကူမပြုနိုင်တာမို့ ဘတ်ဟျွန်းက ပုံမှန်အားဖြင့် ဘယ်ကိစ္စမဆို ဖြစ်အောင်လုပ်ပြီးမှ အသိပေးတတ်တယ် ။ ဒါပေမဲ့ သိသွားကြရင်လည်း ဘတ်ဟျွန်းက  ရည်ရွယ်ပြီး အတင်းကာရောဖုံးကွယ်ဖို့ မကြိုးစားချင်တာမို့ ။

"အင်း...အခုချက်ချင်းတော့မဟုတ်ပါဘူး..."

ဘတ်ဟျွန်းက ​အလုပ်သင်ဆရာဝန်လေးရဲ့လက်ထဲက နှုတ်ထွက်စာကိုပြန်ဆွဲယူလိုက်တော့ ကောင်လေးရဲ့ လက်က စာအိတ်ကို မလွှတ်ချင်လွှတ်ချင်နဲ့ ပြန်ပြီး ဆွဲထားတယ် ။

"ဘာလို့လဲ...အဆင်မပြေတာ တစ်ခုခုများ ရှိလို့လား..."

တုံ့ဆိုင်းသလို အမူအရာနဲ့ ဘတ်ဟျွန်းဆီ အမေးရှိလာတဲ့ အလုပ်သင်ဆရာဝန်လေးကို ဘတ်ဟျွန်း တစ်ချက်ကြည့်လိုက်ရင်း စာအိတ်ကို အားပါပါပြန်ဆွဲပြီး ပြုံးပြလိုက်တယ် ။

"မရှိပါဘူး...ကိုယ်ရေးကိုယ်တာကိစ္စလေးတွေကြောင့်ပါ..."

"အလုပ်ထွက်ရလောက်တဲ့အထိလား...အတော်အဆင်မပြေတာလား...ကျွန်တော် ဘာကူညီပေးရမလဲ..."

ဇွဲမလျှော့ဘဲ မေးခွန်းတွေ ဆက်တိုက်ထုတ်နေတဲ့ ကောင်လေးက မစစ်ရသေးတဲ့ လူနာမှတ်တမ်းတွေထက်ပိုပြီး ဘတ်ဟျွန်း ရုတ်တရက် အလုပ်ထွက်ရတဲ့ အကြောင်းအရင်းကို ပိုစိတ်ဝင်စားနေပုံရတယ် ။

PasserbyWhere stories live. Discover now