Episode 03

1.4K 290 8
                                    

(Unicode)

ဒဏ်ရာရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ချန်ယောလ်က အခုဆို ဆေးရုံမှာ ဝေ့လည်လည် ။ သူတို့ဆီ ထပ်ပြီး သတင်းတွေ ရောက်မလာလို့ ချန်ယောလ်ဆီ အကူအညီ လှမ်းတောင်းတဲ့ သတင်းဌာနတွေလည်း ရှိပါရဲ့ ။
ချန်ယောလ်ဆီက သတင်းတစ်ပုဒ်ဆိုတာ ရွှေလိုအဖိုးတန်တာကြောင့် သတင်းဌာနတွေက သူ့ထက်ငါ အလုအယက် ဝယ်လေ့ရှိကြတယ် ။ လောလောဆယ် ချန်ယောလ်ကတော့ ဒါတွေကို ဂရုမစိုက်အား ။

ဂန်ဆူယောင်းရဲ့ သတင်းက စိတ်ဝင်စားစရာကောင်းပေမဲ့ ဂန်ဆူယောင်းရဲ့တာဝန်ခံဆရာဝန်ကို ချန်ယောလ်က ပိုပြီး စိတ်ဝင်စားတယ် ။

"ဒေါက်တာဗြောင်က ဘယ်ရောက်နေတာလဲ..."

ရှာနေတာကြာ​ပေမဲ့ ဘယ်လိုမှ ရှာ မတွေ့တာကြောင့် အနားက ဖြတ်သွားတဲ့ သူနာပြုတစ်ယောက်ကို ချန်ယောလ် လှမ်းမေးလိုက်မိတယ် ။ အကြောင်းသိနေပုံရတဲ့ သူနာပြုဆရာမလေးက ပြုံးစိစိနဲ့ ကြည့်လာပြီး 'ခွဲခန်းဝင်နေတယ်'လို့ အသိပေးလာတယ် ။

ချန်ယောလ်က စိတ်ပျက်လက်ပျက်နဲ့ ထိုင်ခုံမှာ ထိုင်ချမိတယ် ။ ခွဲခန်းရှေ့မှာ သွားထိုင်စောင့်ဖို့ကလည်း လူနာရှင်ကို အားနာဖို့ကောင်းတယ်လို့ ချန်ယောလ် တွေးမိပြန်တယ် ။

အရင်ကဆို ဇွတ်တရွတ်လုပ်တတ်တဲ့ ချန်ယောလ်က အခုတော့ သူ့ရဲ့ဆရာဝန်လေး အမြင်မကြည်မှာမျိုးကို တဖြည်းဖြည်း ရှောင်ဖယ်လာပါတယ် ။ ဘာမှတောင်မစရသေးဘဲ သူ့ကို အမြင်မကြည်ဖြစ်နေရင် ချန်ယောလ်က ဘာဆက်လုပ်ရမလဲ သိမှာမဟုတ်တော့ဘူး ။

"ငါလည်ပင်းညစ်ပေးရမလား...တစ်ခါတည်း သေခါနီးဖြစ်သွားအောင်..."

ကားထဲဝင်လာတဲ့ မျက်နှာက ရှစ်ခေါက်ချိုးမို့ ဂျုံဒယ်က လှမ်းစတယ် ။ ဂျုံဒယ်က ချန်ယောလ်လို အလွတ်တမ်းသတင်းထောက်တော့ မဟုတ်ဘူး ။ သတင်းဌာနတစ်ခုမှာ နေရာရပြီးဖြစ်တဲ့ ဂျုံဒယ်က ချန်ယောလ်မိဘတွေရဲ့ တောင်းဆိုမှုနဲ့ ချန်ယောလ်ကို လိုက်လံထိန်းကျောင်းပေးနေရတဲ့ အုပ်ထိန်းသူ ။

ချန်ယောလ်ရဲ့ လက်က ပတ်တီးဖြူဖြူကို မြင်တော့ ဂျုံဒယ်က ခေါင်းတခါခါနဲ့ ။ ချန်ယောလ် သဘောကျတဲ့သူက ဆရာဝန်တစ်ယောက်ဖြစ်နေမယ်လို့ ဂျုံဒယ် ဘယ်တုန်းကမှ မထင်ထားခဲ့ ။

PasserbyWhere stories live. Discover now