Episode 08

1.2K 267 16
                                    

(Unicode)

ဘတ်ဟျွန်းက မနက်ဖြန်ဆို ဂျွန်မြောင်နဲ့ အတူ နိုင်ငံခြားထွက်သွားတော့မှာမို့  ချန်ယောလ်က မြင်မကောင်းအောင် အိပ်ရာပေါ်မှာ လူးလှိမ့်နေတယ် ။

"ချန်ယောလ်...အဲ့လိုကြီး နေမနေဘဲ ငါ့ကို အဝတ်လာကူထည့်ပေးစမ်းပါ..."

ဘတ်ဟျွန်းက ဘီရိုထဲက သူ့အဝတ်တွေကို ထုတ်နေရင်း ကုတင်ပေါ်က ချန်ယောလ်ကို လှမ်းပြောတယ် ။ ချန်ယောလ်က ခေါင်းအုံးကြီးကို ပိုက်ရင်း ဘတ်ဟျွန်းကို လှမ်းကြည့်လာတယ် ။ ဆံပင်တွေက ဖွာလန်ကျဲလို့ ။ ခေါင်းအုံးကြီးကို မျက်နှာနဲ့ကပ်ပြီးဖက်ထားတာကြောင့်  မျက်လုံးဝိုင်းကြီးတွေပဲ မြင်နေရတာ အူယားဖို့ကောင်းတယ် ။

ခေါင်းအုံးပိုက်တဲ့အကျင့်က ချန်ယောလ် နေမထိထိုင်မသာ ဖြစ်တဲ့အခါတိုင်း လုပ်လေ့ရှိတဲ့အကျင့်လို့ ဘတ်ဟျွန်း မှတ်ထားဖူးတယ် ။

အဲဒီ့ကောင်လေးက မနာလို ဝန်တိုတတ်တာ တရားလွန်ပဲ ။ အခုလည်း ဘတ်ဟျွန်းကို မလွှတ်လိုက်ချင်ပေမဲ့ ခွင့်ပြုပေးလိုက်ရတဲ့အခါ မကျေမနပ်နဲ့ တမြေ့မြေ့ ပူလောင်နေပြန်တယ် ။

စကားနားထောင်တတ်လာတဲ့ ချန်ယောလ်က ချစ်ဖို့ကောင်းတယ် ။

"မထည့်ပေးပါဘူး...ကိုယ့်ဘာသာကိုယ် ထည့်..."

ပါးစပ်ကသာ ကြမ်းကြမ်းတမ်းတမ်းပြောလိုက်ပေမဲ့ မနေနိုင်တဲ့  ချန်ယောလ်က ခဏနေတော့ အိပ်ရာပေါ်က ထလာပြီး ဘတ်ဟျွန်း ဘီရိုထဲက အဝတ်တစ်ချို့ကို ထုတ်ပေးနေတယ် ။

ဘတ်ဟျွန်း ပြုံးလိုက်တယ် ။ ချန်ယောလ်က နည်းနည်းလေး မပွင့်လင်းပေမဲ့ သူ့ကို ဂရုစိုက်မှန်း ဘတ်ဟျွန်း သိသားပဲ ။

"မထည့်ပေးဘူးဆို..."

"ဘယ်သူက ထည့်ပေးနေလို့လဲ...ခင်ဗျားအင်္ကျီတွေ စုတ်နေပြီလားလို့ လာကြည့်တာ..."

ချန်ယောလ် အဖြေကြောင့် ဘတ်ဟျွန်းက ခပ်တိုးတိုး ရယ်ရင်းပြုံးလိုက်တယ် ။ လက်ထဲမှာ ခေါက်နေတဲ့ အင်္ကျီအဖြူရောင်ကလေးကို အဝတ်အိတ်ထဲ ထည့်ပြီး ချန်ယောလ်ဘေးက ချပေးလာတဲ့ အင်္ကျီတွေကိုပါ ထပ်ခေါက်လိုက်တယ် ။

PasserbyWhere stories live. Discover now