Part 26

433 35 1
                                    

မြူနှင်း မူးနေသေးတာလား။ ဘာလို့ဘုန်းဝေ ကိုမြင်နေရပါလိမ့်။ ဋ္ဌာနရှေ့ သစ်ပင်အောက်ကခုံတွင်
ဘုန်းဝေ ထိုင်နေသည်ကို မြင်နေရသည်။ အိပ်မက် မက်နေတာလားမသိ။ ဒီနေရာမှာ ဘုန်းဝေ ရှိနေစရာအကြောင်းမှမရှိတာ။
သူ့ကို ကြိုက်မိနေလို့များ သူ့ပုံရိပ်တွေပဲ မြင်နေတာများလား။ တကယ်များ ချစ်မိသွားပြီလား။
ဟင့်အင်း ချစ်မိသွားလို့မဖြစ်ဘူး။
နောက်တစ်ကြိမ် ထပ်မခံစားချင်တော့ဘူး။
နောက်တစ်ကြိမ်သာဆို တကယ်ရူးသွားလိမ့်မယ်ထင်တယ်။
တစ်ယောက်နဲ့တစ်ယောက် ချစ်ကြမယ်။
ချစ်သူတွေဖြစ်ကြမယ်။
ပြီးရင် ပြတ်ကြမယ် ။
ဘယ်အတွဲမဆို အဲ့လိုဖြစ်နေကြတာပဲလေ။
တည်မြဲတဲ့အတွဲရယ်လို့မှမရှိတာ။
ထပ်ပြီးလည်း မယုံချင်တော့ဘူး။
ကျေးဇူးပြုပြီး ငါ့နှလုံးသားလေးရယ်၊
ဘယ်သူ့ကိုမှ ထပ်မချစ်မိပါစေနဲ့တော့။
ဘုန်းဝေကိုလည်း ဒီတိုင်းကြိုက်နေရုံလေးဘဲ ကြိုက်ပါရစေ။ ငေးကြည့်နေရုံလေးပဲ မြတ်နိုးပါရစေ။

ဘုန်းဝေ ဋ္ဌာနဘက်သို့ငေးကြည့်နေရင်း သူ့ဆီလျှောက်လာနေသော မြူနှင်း ကိုတွေ့လိုက်ရသည်။
ဘုန်းဝေ မတ်တတ်ရပ်လိုက်ပြီး စောင့်နေလိုက်သည်။ ကြက်သွေးရောင် ဒူးဖုံးဂါဝန်လေးဖြင့် ချစ်စရာကောင်းနေသော ကလေးလေး။ ဆံပင်က ဂုတ်ဝဲလောက်လေးမို့ တကယ့် ကလေးလေးနှင့်တူနေသည်။ လျှောက်လာနေပုံက ယိုင်တိယိုင်တိုင်နှင့် အမူးသမားလမ်းလျှောက်ပုံလျှောက်လာနေသည်။

ငါတကယ်အိပ်မက်မက်နေတာပဲ။ ဘုန်းဝေ ငါ့ကိုကြည့်နေတယ်။ ငါ့ရဲ့ကြယ်လေး..

မြူနှင်း ပြေးလာပြီး ဘုန်းဝေရင်ခွင်ထဲ တိုးဝင်ကာ ဘုန်းဝေကို ဖက်ထားသည်။ ရုတ်တရက်မို့ ဘုန်းဝေ ကြောင်သွားသည်။

(A/N : Sis လေးက မတရားတွေ အသားယူတယ်နော်😏)

ဒီဂျပုမလေးကိုနားမလည်နိုင်တော့။ အခုလည်း သူ့ကိုဖက်ထားပြီး ငိုနေပြန်ပြီ။ မျက်ရည်အရမ်းပေါသောကောင်မလေး။

"ကလေးလေး ဘာဖြစ်တာလဲ "

ဘုန်းဝေ ငါ့ကို ခေါ်တာ ကလေးလေးတဲ့။ တကယ်
စိတ်ချမ်းသာစရာအိပ်မက်ပဲ။ ဘုန်းဝေ မြူနှင်း ပုခုံးကို လက်နှစ်ဖက်ဖြင့်ကိုင်လိုက်ကာ လူချင်းခွာလိုက်သည်။ ထိုအခါမှ ဂျပုမလေးကသူ့ကိုမော့ကြည့်ပြီး ပြုံးပြနေသည်။ ပါးတွေလည်းနီလို့၊ မျက်လုံးကလည်း ရီဝေဝေနှင့် အမူးမပြေသေးပုံပင်။

Girl With Philophobia (completed) Where stories live. Discover now