Part 22

429 31 2
                                    

မိုးတွေက သဲကြီးမဲကြီး ရွာနေသည်။ မြူနှင်း တစ်ယောက် RC ထဲတွင်ထိုင်နေရင်း ပြတင်းပေါက်မှတဆင့် အပြင်ဘက်သို့လှမ်းကြည့်နေမိသည်။အဆောင်မှာနေရတာပျင်းနေ၍ လာထိုင်ပါတယ်ဆိုမှ မိုးကရွာ အေးကအေးနှင့်။ RC အပြင်ဘက်တွင် သစ်ပင်များ၊ အလှပန်းပင်များရှိပြီး အလှစားပွဲနှင့်ထိုင်ခုံများလည်းရှိသည်။
ထိုခုံအများတွင် ကျောင်းသားကျောင်းသူများ အဖွဲ့လိုက်စာစုလုပ်လေ့ရှိသည်။ အခုတော့ မိုးရွာနေသဖြင့် တစ်ကောင်တစ်မြီး မှမရှိ။ အဲ...တစ်ကောင်တော့ရှိတယ်ဟ။ ရင်းနှီးနေသော ပုံသဏ္ဍာန်မို့
မြူနှင်း ထရပ်လိုက်ကာ သေသေချာချာကြည့်လိုက်သည်။ မိုးရေများဖြင့် မြင်ကွင်းမှာ သိပ်မသဲကွဲသော်လည်း ထိုထိုင်ခုံပေါ်တွင်ထိုင်နေသည့်သူမှာ
မြူနှင်း သေချာသိသည့်သူဖြစ်သည်။
တကိုယ်လုံးလည်း မိုးရေတွေ ရွှဲစိုနေလေပြီ။
မြူနှင်း အိတ်ထဲကို စမ်းကြည့်လိုက်ပြီး ထီးတွေ့သဖြင့်ဝမ်းသာသွားမိသည်။ မိုးရွာလေ့ရှိသဖြင့် ထီး ထည့်လာတာမှန်သွားတာပဲ။

မြူနှင်း အပြင်ထွက်လိုက်ပြီး ထီးကိုဖွင့်ကာ ထိုသူဆီ လျှောက်လာခဲ့သည်။ သူ့အပေါ် ထီးဆောင်းပေးလိုက်ပြီး

"မိုးရွာနေတာကို လသာနေတယ်များ မှတ်နေလား"

အသံစူးစူးလေးကြောင့် ဘုန်းဝေ မော့ကြည့်လိုက်သည်။

(A/N : စကားမစပ် ယူတို့ကာပယ်က မိုးရေထဲထိုင်ရတာ အရမ်းသဘောကျတယ်ထင်တယ်နော်😆)

"ပြောတော့ဖြင့် အသည်းမကွဲဘူးလေးဘာလေးနဲ့"

"နင့်လိုအသည်းကွဲပြီးထိုင်နေတယ်များမှတ်နေလား"ဟုပြောပြီး
ဘုန်းဝေထရပ်လိုက်သော် ထီးနှင့်တိုက်မိသွားသည်။ ဘုန်းဝေက ထီးကိူ ဆွဲယူလိုက်ရင်း

"အရပ်ကလည်းပုလိုက်တာ"

မြူနှင်း က မျက်စောင်းထိုးလိုက်ပြီး

"အကောင်းနဲ့လည်း လာခေါ်ရသေးတယ်"

"ဘယ်သူကလိုက်မယ်ပြောလို့လဲ။ နင်ပြောသလိုပဲ အသည်းကွဲပြီးထိုင်နေလိုက်ဦးမယ်"

"ဟာ..နင်"

မြူနှင်း က ဘုန်းဝေလက်ကို လှမ်းဆွဲလိုက်ကာ

Girl With Philophobia (completed) Where stories live. Discover now