Part 13

469 33 1
                                    

"မြူနှင်းဝေ ငါတောင်းပန်ပါတယ် "

သူ့အသံအရဆို သူသောက်ထားတာလား။
သူ့ကောင်မလေးနဲ့အဆင်မပြေဘူးလား။

"ဟင်"

"ငါနင့်အပေါ်လုပ်ခဲ့မိတာတွေအတွက်တောင်းပန်ပါတယ်ဟာ။ "

မြူနှင်း အသံကိုထိန်းပြီး
"အင်း..ရပါတယ် ပြီးခဲ့တာတွေလည်း ပြီးပြီပဲ။
အခုကဘာဖြစ်လို့လဲ။ အဆင်မပြေဘူးလား"

ပက်ပက်စက်စက်ပြောလွှတ်လိုက်မည်ဟုတွေးထားပြီးမှ ထွက်သွားသောစကားက ဒါတဲ့လား။
မြူနှင်း ကိုယ့်ပါးကိုယ်ပြန်ရိုက်ချင်သွားသည်။

"အေးဟ ငါအဆင်မပြေဘူး။ သူကနင့်လိုမဟုတ်ဘူး။ ငါ့ကိုလည်း သည်းမခံဘူး"

အေးလေ။ ဘယ်သူက နင့်ကိုငါ့လောက်ချစ်နိုင်ပါ့မလဲ။

"နင်ဆိုရင်ငါ့ကိုဒီလိုမျိုးပစ်ထားမှာမဟုတ်ဘူးဟာ။
နင်သာဆိုရင်.."

"ရန်ဖြစ်ထားတာလား။ ချော့လိုက်ပါ။ မိန်းကလေး ပဲ ကိုယ့်ချစ်သူချော့တာခံချင်မှာပေါ့"

"နင့်တုန်းကရောဟင်။ငါနင့်ကို တစ်ခါမှမချော့ခဲ့ဖူးဘူး"

"ငါလား။ ငါလည်း မိန်းကလေး ပဲလေ။ ဆိုးချင်တာပေါ့၊ ကိုယ့်ချစ်သူက ဆိုးလို့မရတဲ့သူဆိုတော့လည်း
ကိုယ့်ကိုယ်ကိုထက်သူ့ကိုပိုချစ်တော့ သည်းခံရတာပေါ့။ ငါအခုလိုပြောတာ အိမ့်မြတ်သဇင် က နင့်ကိုမချစ်ဘူးလို့ပြောတာမဟုတ်ဘူးနော်။
လူတွေက အချစ်ကိုအဓိပ္ပါယ်ဖွင့်ပုံခြင်းကွာကြတယ်။ ချစ်ပုံခြင်းလည်း ကွာကြတယ်။ ဘယ်သူ့အချစ်က ပိုသာတယ်လို့ရယ်တော့မရှိပါဘူး"

၂နှစ်လောက်သူငယ်ချင်းဖြစ်ခဲ့သူတွေဆိုတော့
ဖုန်းပြောရင်း ဆက်ဆံရေးတွေပြန်လည်နွေးထွေးလာသည်။ ဟိန်းမြတ်က သူ့ပြဿနာများကိုပြောပြသည်။ မြူနှင်း က နှစ်သိမ့်စကားပြောပေးသည်။
ပြောဆိုနေကြသည်မှာ လမ်းခွဲထားသောချစ်သူဟောင်းများဟု ယုံနိုင်ဖွယ်ရာမရှိ။
ရယ်ရယ်မောမော ပြောဆိုနေကြသည်။

"နင်ငါ့ကိုသူငယ်ချင်းအဖြစ်ပြန်လက်ခံမယ်မဟုတ်လားဟင်"

"အေးပေါ့ဟ"

မြူနှင်းဝေဆိုသည်မှာလည်း ဟိန်းမြတ်သူကိုအရာရာအလျှော့ပေးမြဲ။ သူနှင့်ပြန်မဖြစ်နိုင်လည်း သူငယ်ချင်းအဖြစ်က ပိုကောင်းပါတယ်လေ။
သူငယ်ချင်းတွေပေါ့ ဟိန်းမြတ်သူရယ်....

မြူနှင်း နှင့် ဖုန်းပြောပြီးမှ ဟိန်းမြတ်ပြုံးနိုင်တော့သည်။ မြူနှင်း သည်သူ့အတွက် အမေလို အစ်မလို
လူမျိုးဖြစ်သည်။ သူ့စိတ်ကို နားလည်အပေးနိုင်ဆုံးသူလည်းဖြစ်သည်။ သူရင်ဖွင့်သမျှ နားထောင်ပြီး နှစ်သိမ့်ပေးနိုင်သူ ၊ သူ့ကိုဆို ဘယ်တော့မှ အပြစ်မမြင်သူ ဖြစ်သည်။

******************************
"ငါ့ကိုvite ပြီး game ထဲကထွက်သွားတယ်ပေါ့😏"

Chat box မှာ စာကိုတွေ့ပြီး ဘုန်းဝေကိုအားနာသွားမိသည်။

"ဆောရီးပါဟာ အိမ်ကဖုန်းလာလို့ 😁😁"

"ရပါတယ် ထားပါတော့ 😒"

"😁😁😁"

"အင်းပါ classic ပဲလေ ။ ထားပါတော့
ဒါနဲ့ သိပ်မကျွမ်းသေးဘူးထင်တယ်နော်
ငါသင်ပေးရမလား 😝"

"တကယ်သင်ပေးမလို့လား"

"တကယ်ပေါ့ မယုံဘူးလား"

"သင်ပေးမယ်ဆိုရင်တော့ ကျေးဇူးတင်တာပေါ့"

"ဂိမ်းထဲဝင်ခဲ့လိုက်တော့ အခု"

၂နာရီလောက် ဂိမ်းတူတူဆော့ဖြစ်ကြသည်။
သူ က ကူဆော့ပေးတယ်ဆိုတော့ရုတ်တရက်ပြုံးမိသွားသည်။ ရင်ထဲတွင်လည်း အမည်မသိသောလှိုင်းလေးဖြတ်သွားသည်။

မိန်းကလေးတစ်ယောက် က တပြိုင်တက် လူနှစ်ယောက်ကိုမချစ်နိုင်ပါဘူး။ ဟုတ်ပါတယ် ။ မြူနှင်း အတွက်တော့ ဟိန်းမြတ်သူက ချစ်ရသူဖြစ်ပြီး
ဘုန်းဝေကတော့ idol တစ်ယောက်လိုသဘောကျမိသူသာဖြစ်မှာပါ။

Girl With Philophobia (completed) Where stories live. Discover now