Part 5 (u)

616 46 1
                                    

Drawing roomထဲတွင်...
ခဲတံချွန်ရန်ဓားထုတ်လိုက်ပြီး ဟိန်းမြတ်ရှိရာဘက်သို့လှမ်းကြည့်မိလိုက်သည်။ အမြဲခိုးကြည့်ခံရသောကောင်လေး၊ သူ့ချစ်သူဖြစ်လာတော့လည်း ခိုးကြည့်ရ၊ အခု Ex ဖြစ်သွားပြန်တော့လည်း တိတ်တိတ်လေးကြည့်မိဆဲ...
သူ သူ့နေရာမှာမရှိပါလား။
တဆက်တည်း IT Queen နေရာကိုကြည့်လိုက်တော့ မြူနှင်း မျက်နှာငယ်သွားမိသည်။
ဟိန်းမြတ် က အိမ့်ကို Drawing ကူဆွဲပေးနေတာပဲ။ အရင်က ကျွန်မကို ကူဆွဲပေးနေကြလေ။
ပြတ်တာမှတပတ်မပြည့်သေးဘူး၊ တခြားမိန်းကလေးကို ကူဆွဲပေးနေပြီတဲ့လား မောင်ရယ် ။
အမြင်တွေဝေဝါးလာသည်။
ငါက..ငါက..ဘာလို့ သူများတွေလိုအချစ်မခံရတာလဲ။ ငါက အချစ်ခံခွင့်မရှိဘူးလား။
လက်ထဲကဓားနဲ့ ဟိန်းမြတ် ကို တခုခုလုပ်လိုက်ရင်ရော။ အဲ့လိုဆို သူခံစားနေရတာတွေ နည်းနည်းတော့သက်သာသွားမယ်ထင်တယ်။
ကြည့်နေရင်း ဟိန်းမြတ် သူ့နေရာသူပြန်လာနေပြီ။
ခြေလှမ်းတွေက သူ့ဆီဘယ်လိုလို့ ဦးတည်နေမှန်းမသိ။

ဘုန်းဝေ ရုတ်တရက်လန့်သွားသည်။ သူက ဟိန်းမြတ်ခုံနောက်မှာဆိုတော့ ဓားကိုလက်ကတင်းတင်းဆုပ်ပြီးလာနေသော မြူနှင်း ကိုလှမ်းမြင်လိုက်သည်။ ခိုကိုးရာမဲ့ မျက်ဝန်းတွေကနေ အရွဲ့တိုက်နေတဲ့မျက်ဝန်းတွေကိုတွေ့လိုက်ရသည်။ ဒီကောင်မလေးက တကယ်စိတ်မမှန်ဘူးပဲ။ ဓားကအပြင်ကိုထွက်နေပြီး တခုခုကိုရန်မူတော့မည့်ပုံနှင့်။

ဓားနှင့်ရွယ်တော့မည်အပြု မြူနှင်း လက်ကို တစုံတယောက်ကဖမ်းဆွဲလိုက်သည်။
ဘုန်းဝေယျာညိမ်း ...

"မြူနှင်း ခဲတံချွန်ခိုင်းမလို့လား။ ငါချွန်ပေးမယ်လေ"

ဘုန်းဝေက ရယ်ရယ်မောမောနှင့်ပြောသည်။

ဟိန်းမြတ် က ကြည့်လာသည်။ မြူနှင်း သူ့ဆီလာနေသည်ကိုမသိတာတော့မဟုတ်။ ဘယ်လိုဖြေရှင်းရမလဲစဉ်းစားနေခြင်းပင်။ မြူနှင်း များ ဓားနှင့်ထိုးလျှင်ဟုတွေးပြီး ကျောချမ်းနေခဲ့ရာ ဘုန်းဝေ ဝင်ကယ်သဖြင့်တော်တော့သည်။

သူ မြူနှင်း ကိုကြောက်သည်။ ခပ်အေးအေးဟုထင်ရသော်လည်း ဒေါသထွက်လျှင်ဘာမှမမြင်တော့။
ထင်ရာလုပ်တတ်သည်။ သူ့ကိုအရမ်းချစ်၍ ဘာမှထိခိုက်အောင်မလုပ်သော်လည်း မုန်းသွားလျှင် သတ်မလားတောင်မသိ။

***************************
"နင့်ကိုငါကယ်လိုက်တာနော် မြူနှင်းဝေ"

Drawing ပစ္စည်းများသိမ်းနေတုန်း ဘုန်းဝေက ရှေ့ကရောက်လာသည်။ မြူနှင်း Drawing tube ကိုလွယ်လိုက်ရင်း

"ငါ့ကိုနှောင့်ယှက်လိုက်တာမဟုတ်ဘူးလား"

"ဟာ..နင် လူတစ်ယောက်ကို ဓားနဲ့ထိုးတော့မလို့လေ။ ပြဿနာတက်မှာပေါ့။ အဲ့ဒါကိုငါက ကယ်တာလေ"

တကယ်တော့ ဓားနှင့်ထိုးရန်ကြံစည်ခဲ့ခြင်းမဟုတ်။ ခဏတာ ဒေါသထွက်သွားခြင်းဖြစ်သည်။
ကျွန်မ မလုပ်ရဲလောက်ပါ။

"ထားပါတော့ "

"ဒါနဲ့နင်ကမထင်ရဘူးနော်။ စိတ်ကြီးလိုက်တာ။
ကြောက်စရာကြီး"

ကျွန်မက သူ့ကိုထိခိုက်အောင်လုပ်နိုင်မှာတဲ့လား။
သူ့ဘဝက က ကိုယ့်ဘဝဖြစ်နေတဲ့လူတစ်ယောက်ကိုလေ။ ဒေါသထွက်လာရင် ဘာမှမမြင်တော့တာ
လေးတစ်ခုပဲ ကျွန်မအားနည်းချက်။

"အဲ့လိုပဲ ဒေါသထွက်လာရင် နည်းနည်းစိတ်လွတ်သွားတတ်တယ်။ ပြီးမှ ပြန်တွေးမိပြီးစိတ်မကောင်းဖြစ်တာ။ ကျေးဇူးပဲ ..ငါ့ကိုတားတဲ့အတွက်။ မဟုတ်ရင် ငါသူ့ကိုထိခိုက်အောင်လုပ်မိရင် ငါ့ကိုယ်ငါ အရမ်းမုန်းမိမှာ"

ဘုန်းဝေ အံ့သြသွားသည်။ အချစ်ကြီးရင်အမျက်ကြီးတယ်ဆိုတာဟုတ်မယ်ထင်တယ်။ ဒီကောင်မလေး ကဟိန်းမြတ်ကို အရမ်းချစ်ပုံပဲ။

ယောကျ်ားလေးဘက်က တကယ်ချစ်ရင် မိန်းကလေး ဘက်က သစ္စာမရှိဘူး။
မိန်းကလေး ဘက်က တကယ်ချစ်ရင် ယောကျ်ားလေးဘက်က သစ္စာမရှိဘူး။
နှစ်ယောက်လုံး တကယ်ချစ်ရင်ကျ ကံကြမ္မာက
ရက်စက်တယ် တဲ့။

မြူနှင်းဝေရယ်...
နင့်ကိုသနားလိုက်တာ။
တနေ့နေ့တော့ နင်လည်းအချစ်စစ်တွေ့မှာပါ။
ငါလည်းသူများကိုဘယ်လိုနှစ်သိမ့်ပေးရမလဲ မသိတဲ့ကောင်ဆိုတော့ နှစ်သိမ့်မပေးတတ်ဘူး။
နင်နဲ့ငါ ဒီထက်ပိုရင်းနှီးရင်တော့ နှစ်သိမ့်ပေးဖြစ်မှာပါ။

Girl With Philophobia (completed) Where stories live. Discover now