ထိုစဉ်ရှေ့တည့်တည့်မှလာနေသော ဟိန်းမြတ် တို့အတွဲကိုတွေ့လိုက်ရသည်။ ရင်ထဲ ဆစ်ခနဲနာသွားပေမယ့် အရင်ကလောက် မခံစားရတော့။
မြူနှင်း ကိုမြင်မှ အိမ့်မြတ်က ဟိန်းမြတ် လက်ကိုလှမ်းချိတ်လိုက်ပြီး မဏ္ဍပ်တိုင်တက်ပြလိုက်သေးသည်။ သူ့အကောင်ကို ဒီကလည်း မကြိုက်တော့ပါဘူးနော်။ သံယောဇဉ်လက်ကျန်လေး နည်းနည်းပါးပါး ပဲကျန်တော့တာ။

(A/N : ကိုယ့်ဇာတ်ကောင်ကိုယ်တောင်သနားလာတယ်။
FA မလေး😂😂)

**************************
ကျောင်း နှစ်လပိတ်သည်ကို မြူနှင်း အိမ်မပြန်ဖြစ်။ဆုမွန်လည်း တပတ်လောက်ပြန်သွားပြီး သင်တန်းတက်ရန်ပြန်လာသည်။ ဆုမွန်နှင့် မြူနှင်း ဂျပန်စာ N5 သင်တန်း အတူတူတက်ဖြစ်ကြသည်။
ဘုန်းဝေလည်း အိမ်မပြန်ဖြစ်ဟုသိရသည်။
ညနေပိုင်းဆို ဘုန်းဝေက အဆောင်ရှေ့လာပြီး
ဆုမွန်ကိုလာတွေ့သည်။ မြူနှင်း ကတော့ ဂျပန်စာလုပ်လိုက်၊ဇာတ်ကားကြည့်လိုက် ၊ ဂိမ်းဆော့လိုက်၊
လိုင်းသုံးလိုက်ဖြင့် တနေ့တာကုန်ဆုံးနေသည်။
အမေနှင့်ပတ်သက်၍ မကျေနပ်သမျှ လှမ်းလှမ်းရစ်ပြီး စိတ်ဒုက္ခပေးနေသော အဖေနှင့် အဖေ့ဘက်က အမျိုးအဆွေများကြောင့် တခါတခါ စိတ်ဆင်းရဲရသော်လည်း မြူနှင်း လစ်လျူရှုထားလိုက်သည်။
ထိုကိစ္စများကို ကိုယ်နှင့်ဆိုင်သည်ဟုလည်း မသတ်မှတ်ချင်တော့၊ အရမ်းတွေ ပင်ပန်းနေပါပြီ။
ဟိန်းမြတ်သူအကြောင်းလည်းမတွေးဖြစ်တော့။
ကိုယ့်ကိုယ်ကိုသာပျော်အောင်နေသည်။
ဘယ်သူ့ကိုမှလည်းမချစ်ချင်တော့။ အဖေ့ကိုလည်းမုန်းသည်။ အမေ့ကိုလည်း မုန်းသည်။
အမေဖြစ်သူက နှစ်လတစ်ခါလောက် လာတွေ့ပြီး
ဂရုစိုက်ခံရတဲ့ ဆုမွန် ကို အားမကျဘူးလို့ပြောရင်
မြူနှင်း လိမ်တာပါ။ ဆုမွန်အမေက ဖုန်းမဆက်တဲ့ရက်ဟူ၍မရှိ။ ညတိုင်း သူတို့သားအမိနှစ်ယောက်
ဖုန်းပြောနေတာကိုအားကျမိသည်။ ဆုမွန် က သူ့အမေကို ဘာမဆိုဖွင့်ပြောတိုင်ပင်သည်။
မြူနှင်း မှာတော့ ဖွင့်ပြောတိုင်ပင်စရာလူမရှိ။
နားထောင်ပြီး ထွေးပွေ့ထားပေးမယ့် ရင်ခွင်မရှိ၊
တခါတလေတော့လည်း အားငယ်မိပါသည်။

ဆုမွန် ဂျပန်စာလုပ်ရန် စာကြည့်စားပွဲတွင်ထိုင်လိုက်သည်။ မြူနှင်း ကတော့ရေသွားချိုးနေသဖြင့်
အခန်းထဲတွင်မရှိ။ ဟင်..Grammar စာအုပ်မတွေ့ပါလား။ မြူနှင်း နားပါသွားတာထင်တယ်။
ဆုမွန်တစ်ယောက် မြူနှင်း စားပွဲပေါ်တွင် လှန်လှောရှာဖွေနေသည်။

"ဘယ်နားမှာပါလိမ့်"

ကုတင်ခေါင်းရင်းတွင်ထားသောစာအုပ်ပုံများကိုရှာရန်ခေါင်းအုံးကိုဖယ်လိုက်သည်။ ခေါင်းအုံးအောက်တွင်ရှိသော အညိုရောင်သားရေမျက်နှာဖုံးနှင့် ဒိုင်ယာရီစာအုပ်လေးကို ဆုမွန် သတိပြုမိသွားသည်။

"ဒီကောင်မလေး ဒိုင်ယာရီတွေ ဘာတွေရေးနေပါလား"ဟုရေရွတ်၍ စာအုပ်လေးကိုကောက်ကိုင်လိုက်သည်။ ရှေ့ဆုံးတစ်ရွက်ကိုလှန်လိုက်ရာ

"ကြယ်လေးသို့"ဟူသော လက်ရေးဝိုင်းဝိုင်းလေး
တွေကိုမြင်လိုက်ရသည်။

Girl With Philophobia (completed) Where stories live. Discover now