Arc 3 part 12

3.7K 548 9
                                    

"အပေးအယူကဘာလဲ" Jessica သူမသမီး၏ခေါင်းမာမှုကိုသိသည်။ ဒီတိုင်းကျော်သွားပေးမယ် မထင်ဘူး။ ထို့အပြင် နှုတ်ခမ်းထက်က အပြုံးရိပ်ပါးပါးလေးကြောင့် လွယ်ကူမည့်ကိစ္စလည်းဖြစ်ဟန်မတူ။

"လောလောဆယ် အရင်စောင့်ကြည့်ကြတာပေါ့" ထို့နောက်တွင်တော့ Misaki သည် လိမ္မာပြီး အနေအေးသည့် မြေးမလေးပုံစံဖြင့် အဖွားနှင့်အဖိုးကို အဖော်ပြုနေလေသည်။ အစကအနည်းငယ် ထူးဆန်းနေသော်လည်း ပြောင်းလဲလွယ်သောဆယ်ကျော်သတ်အရွယ်ဖြစ်တာကြောင့် အဖိုးအဖွားတို့လည်း သံသယမဝင်ကြပေ။ သို့သော် နေ့လည်စာစားချိန်တွင်တော့ Misaki ရော ကြောင်ဖြူလေးရော စိတ်မသက်မသာဖြစ်နေ၏။ ထိုအမျိုးမျိုးသော ဟင်းပွဲတို့သည် တစ်စုံတစ်ယောက်
၏လက်ရာကဲ့သို့ သဘောကျချင်စရာမကောင်းပေ။

ညသည်တိတ်ဆိတ်နေ၏။ အကျဉ်းချထားသည်ဆိုသော်လည်း သည်အခန်းသည်အထူးအပြစ်သားတို့အတွက်စီစဉ်ထားသည်ဖြစ်လေရာ ကျောင်း၏အဆောင်အခန်းထက်ပင် သက်သောင့်သက်သာဖြစ်လေသည်။ Oliver နှင့် Jason မှာတော့ အထူးတလည်ဖန်တီးပေးထားသော အချိန်ကောင်းများရှိနေခဲ့ဟန်။ Daniel သည် မျက်နှာကျက်ကို တမေ့တမောငေးနေရင်း သူ၏အေးစက်သောမျက်ဝန်းတို့တွင် နွေးထွေးသောအရိပ်အရောင်လေးများရှိနေသည်။ မှေးခနဲ့ အိပ်ပျော်သွားသည့်တစ်ခဏ အိပ်မက်ထဲ၌ ထိုအမျိုးသမီးငယ်သည် သူ့အား ကျောခိုင်းရင်း လမ်းလျှောက်နေ၏။ သူမနံမည်ကိုအော်ခေါ်မိသည့်တိုင် ရပ်တန့်မသွား သူ မမြင်နိုင်‌ေတာ့သောနေရာအထိ လျှောက်လှမ်းပျောက်ကွယ်သွားသည်။ Daniel သူ့ရင်ဘတ်ကိုဖိကိုင်လိုက်ပြီး အိပ်ရာထက်တွင်ထထိုင်လိုက်၏။ ဘယ်လိုအိပ်မက်ကြီးလဲ။

ပွင့်သွားသော တံခါးနှင့်အတူ Mommy Jes သည် တစ်ကိုယ်လုံးအနက်ရောင်အပြည့်ဝတ်ဆင်ထားပြီး သူတို့ဆီလျှောက်လာနေသည်။ သူမက Oliver အား ထူမပေးလိုက်ပြီး Jason ကိုပါ စကားပြောလိုက်၏။

"မင်းတို့နှစ်ယောက် အပြင်မှာစောင့်နေ"

အခန်းထဲတွင် သူမနှင့် Daniel သာရှိနေတော့သည်။ Jessica သက်ပြင်းချလိုက်ပြီး Daniel ကိုစကားစမိသည်။

"ဒီတစ်ခါလည်း မင်းထင်တာမှန်တယ် Daniel မင်းအဖိုးရဲ့အမိန့်လို့ပြောတာပဲ အန်တီလည်းမတတ်နိုင်တော့တာ မင်းသိပါတယ်" Daniel ခေါင်းသာညိတ်ပြလိုက်သည်။ အိမ်တော်ထဲက တစ်ယောက်ယောက်က သူ့ကို ဆက်ပြီးဖိနှိပ်ချင်နေတာဆိုတာ သိပြီးသားပါ။ ဘယ်သူလဲဆိုတာလည်း ခန့်မှန်းမိပြီးသား။ အခုချိန် အန်တီ Jes ဆီက သိချင်တာဆိုလို့ တစ်ခုသာရှိသည်။

How to Flirt with the final bossOù les histoires vivent. Découvrez maintenant