အခန်း ၃၂

Start from the beginning
                                    

ရင်ခွဲရုံတွင် အ​လောင်းကို ကြည့်ရင်း

"အတူတူပဲ"

Yeosang က ဆိုလာသည်။ Wooyoung က ဟုတ်လို့လား ဆို​သော အ​ကြည့်မျိုးနှင့် ကြည့်လာသဖြင့် Yeosang ကပဲ

"ဓါးထိုးချက်ကို ကြည့်လိုက်။ တ​စ်ထေရာတည်းပဲ။"

ဟု ဆိုသည်။

"လူသတ်သမားက ​​ဂေဟာက မိဘမဲ့​တွေကိုပဲ ပစ်မှတ်ထားတာ မဟုတ်ဘူးလား။ Lucy က ​အရာရှိသမီး​လေ ​ဂေဟာနဲ့ ဘာမှမဆိုင်ဘူး"

ဟု Wooyoung ​မေးလာသဖြင့် Yeosang က

"အင်း ... ပစ်မှတ်​ပြောင်းသွားတာများလား ..."

ဟု ​တွေး​တွေးဆဆ ဆိုလာသဖြင့် Wooyoung လည်း အ​လောင်း​ကောင်ကြီးကို ကြည့်ပြီး ​တွေး​နေလိုက်သည်။ ထို့​နောက်

"ငါက​တော့ Kevin ကို မသင်္ကာဘူး။ ​သေတဲ့အချိန်မှာ ရှိမ​နေ​ပေမယ့် သူက ​နောက်ဆုံး​တွေ့ခဲ့တဲ့လူ​လေ ... ပြီး​တော့ သူနဲ့ Erika က ဘာလိုလိုညာလိုလိုနဲ့ ... Erika ကို မသတ်ရက်လို့ Lucy က ဓါးစာခံ ဖြစ်သွားလား မ​ပြော​တတ်ဘူး"

ဟု ဆိုလိုက်သည်။ ထိုအခါ Yeosang က

"Erika... ငါတို့ Erika ​​နောက် လိုက်ရမှာ​လေ"

ဟု အလန့်တကြား​ပြောလာသဖြင့်

"Shit"

Wooyoung လည်း ကျိန်ဆဲပြီး သူတို့နှစ်​ယောက် ရင်ခွဲရုံမှ အမြန်ထွက်ကာ Erika အိမ်သို့ ထွက်လာခဲ့သည်။
_________________________________________

"ကိုကို"

Hongjoong တစ်​ယောက် Yunho အလုပ်လုပ်​နေတဲ့နား သွားပြီး ဂျီကျ​နေခြင်းပင်။

"အင်း ​ပြော Hong ​လေး"

စကား ပြန်​လာ​သော်လည်း သူ့ကို လှည့်မကြည့်သည့်အတွက် Hongjoong စိတ်နည်းနည်း ဆိုးချင်သွားသည်။ သူလည်း အခုတ​လော အကျင့်​တွေ အရမ်းပျက်​နေသည်။ အဲ့ဒါ ကိုကို့​ကြောင့်။ ကိုကိုအရမ်းအလိုလိုက်ထားလို့ ဖြစ်တာ။ သူ​တွေးရင်း Yunho နားကို ​လျှောက်သွားပြီး ​ပေါင်​ပေါ်ကို ခွထိုင်လိုက်ကာ Yunho ရဲ့ ရင်ခွင်ထဲ တိုးဝင်လိုက်သည်။ Yunho ရဲ့ မြင့်မား​သော အရပ်၊ ကျယ်ပြန့်​​သော ရင်ခွင်က သူ့တစ်ကိုယ်လုံး အသာ​လေး ခိုဝင်နိုင်သည်။ သူ့ကို Yunho က ငုံ့ကြည့်လာကာ

Everything I do, I do it For You (Unicode Only)Where stories live. Discover now