episode 3

8 0 0
                                    



...S H E  I S  M Y  R O O M M A T E...
____________________________

မီးပုံးပွဲတော်ပြီးသွားကတည်းက Kyoto၏အိပ်ရေးပျက်မှူ့များပိုမိုဆိုးရွားလာခဲ့သည်။ ဟိုနေရာကနေအသံကြားလိုက် ဒီနေရာကနေအသံကြားလိုက် နှင့် အိပ်မရခဲ့..အိပ်လိုက်ရင်လဲ မကြာခင် အိပ်မက်ဆိုးတွေကြောင့် လန့်နိုးခဲ့ရမြဲ။
စာသင်ချိန်မငိုက်တတ်တဲ့လူလည်း စာသင်ချိန်ငိုက်နေမိသည်။အိပ်မက်ဆိုးအကုန်လုံးက Hoshiနှင့်ဆက်စပ်နေသည်ထင်သည်။မက်လိုက်တိုင်း သူမ အမြဲပါသည်။

"Hoshi san မင်းဘယ်ရောက်နေတာလဲ...''

ကျောင်းကပြန်လာပြီး အကျီတောင်မလဲနိုင်ဘဲ ကုတင်ပေါ်ပစ်လှဲလိုက်သည်။အသန့်ကြိုက်တဲ့လူတောင် အယောင်ယောင်အမှားမှားနှင့်။ပုံမှန်ဆို ကျောင်းပြန်လာတာနဲ့ ရေချိုးခန်းထဲမှာအဝတ်ချွတ် အဝတ်သန့်တစ်ခုလဲပြီးမှ ကုတင်ပေါ်တက်တတ်သော Kyoto san ဖြစ်သည်။

အိပ်ရေးပျက်ရက်တွေများလာတာကြောင့် ကုတင်ပေါ်လှဲလိုက်လျှင်ပဲ ချက်ချင်းအိပ်ပျော်သွားသည်။
မကြာခင်မှာပဲ မပိတ်ထားတဲ့ပြတင်းပေါက်က ရေစက်တွေစင်လာတာကြောင့် နိူးလာသည်။

"ဟာ...ဒီပြတင်းပေါက်ဘယ်တုန်းကပွင့်နေတာလဲ..''

ထကြည့်တော့ ပြတင်းပေါက်က ပိတ်လျှက်သားဖြစ်နေတာကြောင့် Hoshi ဘက်မှအထင်နှင့် လိုက်ကာကိုဆွဲလှန်လိုက်သည်။

"Hoshi''

"Hoshi ဘယ်တုန်းကရောက်တာလဲ..''

Kyoto ဘယ်လောက်ပြောပြော Hoshiဘက်မှ တုန့်ပြန်မှု့လုံးဝမရှိပေ။ပွင့်နေသော ပြတင်းပေါက်မှတစ်ဆင့်အပြင်ကိုသာ စိုက်ကြည့်နေသည်။

"Hoshi....''

Hoshiလက်ကို ကိုင်လိုက်ပြီးမျက်နှာကိုဆွဲလှည့်လိုက်သည်။
မျက်နှာတစ်ခြမ်းလုံးက ကြေမွနေပြီးသွေးတွေလဲ တစ်စက်စက်နှင့်ကျနေသည်။ပါးစပ်ကိုလည်းချုပ်ထားတာကြောင့်တော်တော်အကြည်းတန်နေသည်။

မကြောက်တတ်သော  Kyoto  sanတစ်ယောက်ပင်နောက်ပြန်လဲကျသည့်အထိ ဖြစ်သွားသည်။

ကြမ်းပြင်ကိုထောက်မိတဲ့လက်က ပူပူနွေးနွေးဖြစ်လာတာကြောင့်နောက်ကိုလှည့်ကြည့်မိလိုက်သည်။

SHE IS MY ROOMMATE.(1~final)Wo Geschichten leben. Entdecke jetzt