Episode 1

19 3 0
                                    


...S H E  I S  M Y  R O O M M A T E...
____________________________

ဒီနေ့နေသာတယ်...နွေရာသီရောက်လာတာနဲ့အမျှ အပူရှိန်ကလဲ ပို၍ ပူပြင်းလာလေသည်။အပြင်ထွက်ရင် အပေါ်ထပ်အပါးလေးနဲ့ထီးကတော့ယူသွားရစမြဲ။
လက်ကလဲ ထုံးစံအတိုင်း ပိုးသတ်ဆေးနဲ့လက်အိတ်ကို ထည့်ထားတဲ့ အိတ်ကိုဆွဲထားရသေးသည်။

ထီးဆောင်းထားသည့်အပြင် အပူဒဏ်ကိုပို၍ ခံနိုင်စေရန် Floopy hat ကိူလဲဆောင်းထားသေးသည်။ဂျင်းဘောင်းဘီ အတိုနှင့်အကျီအပွဝတ်ထားပြီး ဦးထုပ်အောက်မှာ တမင်ဖွာထားသော ဆံပင်များရှိနေတဲ့ ထိုကောင်မလေးကို လူအမြင်မှာတော့ သာမန်ကောင်မလေးဟူ၍ ပင်ထင်ပေလိမ့်မည်။ သာမန်နှင့်မတူသည်မှာ သူမလက်မှ လက်အိတ်ဖြစ်သည်။ မျက်နှာတွင်လဲ Mask တပ်ထားသေး၏။
 
အသန့်ကြိုက်ရောဂါ ရှိနေတဲ့ ထိုကောင်မလေးအတွက်တော့ mask တပ် ပိုးသတ်ဆေးယူ လက်အိတ်စွတ်ဆ်ိူတာက သာမန်ဖြစ်ပေမဲ့ သာမန်လူအတွက်ကတော့ အကြောင်ရ်ိူက်စရာက်ိစ္စဖြစ်နေလိမ့်မည်။

တက္ကသ်ိုလ်များ ပြန်ဖွင့်တော့မည်ဖြစ်တာကြောင့် Kyoto san တစ်ယောက် အဆောင်ပတ်ရှာရင်းအလုပ်ရှုပ်နေသည်။အရင်နေခဲ့သည့် အဆောင်ကလဲ ရောင်းလိုက်ပြီးဆိုသော​ကြောင့်အဆောင်သစ်ရှာနေရခြင်းဖြစ်သည်။

အဆောင်အများစုက တစ်ခန်းလူ၃ယောက်လောက်ထားသည်။တစ်ချို့က ၄ယောက်....
တစ်ယောက်ခန်းရှိသည့်အဆောင်ကြတော့လဲ လူပြည့်နေပြီတဲ့လေ။ အိမ်က ကျောင်းနဲ့အတော်ဝေးတာမို့ အိမ်ကနေပြီးလဲ ကျောင်းမတတ်ချင်။မနက်အစောကြီးထရသည့်အလုပ် Kyoto တို့အလုပ်...။

လူတစ်ချို့ကတော့ လှည့်ကြည့်လှည့်ကြည့်နဲ့လုပ်နေကြသည်။သေချာတာပေါ့ ဒါဟာ သူရဲ့ပုံစံကြောင့်ဆိုတာ...ကျွန်မ ရောဂါကိုဖျောက်ဖို့ ဆရာဝန်အများကြီးနဲ့တိုင်ပင်ခဲ့ဖူးတယ်။ ဒါပေမဲ့လဲ အဆင်မပြေပါဘူး ။ ပိုဆိုးလာသလားလို့ပဲ ထင်တာကြောင့် ဆရာဝန်တွေနဲ့ဆက်မကုဖြစ်ခဲ့။ Kyoto san ရဲ့ အသန့်ကြိုက်ရောဂါ ဘယ်ကစလဲ..မည်သူမှရေရေရာရာမသိချေ။သူကိုယ်တိုင်လဲမသိပေ။

"ဟား.....ရာသီဥတုပူရတဲ့အထဲ အဆောင်တွေလဲ...လိုင်းပေါ်တင်ထားတာနဲ့တခြားဆီတွေချည်းပဲ..''

SHE IS MY ROOMMATE.(1~final)Where stories live. Discover now