episode 2

9 1 0
                                    


...S H E  I S  M Y  R O O M M A T E...
____________________________

အသန့်ကြိုက်လွန်ရောဂါဖြစ်နေတဲ့လူတစ်ယောက်နဲ့နေရတာက အနည်းငယ်တော့ မဟုတ်ဘူး အများကြီး စိတ်ညစ်စရာကောင်းလိမ့်မယ်။ပုံမှန်ဆို တစ်ခန်းထဲ နှစ်ယောက်မနေတတ်ပေမဲ့ အဆောင်တွေက လူပြည့်နေတာကြောင့် မသက်သာတဲ့အဆုံး တစ်ခန်းထဲနှစ်ယောက်နေလိုက်ရသည်။ စရောက်လာတဲ့နေ့ကတည်းက အခန်းဖော်နဲ့ရန်ဖြစ်ပြီး အဆင်မပြေခဲ့ပေ။

ထိုမိန်းကလေး ခေါင်းပေါ်က ရေစက်တွေပေါင်ပေါ်ကြလာတာကြောင့် စိတ်မထိန်းနိုင်ပဲ ပါးရ်ိုက်မိခဲ့သည်။
ပြန်တောင်းပန်လာဆိုတော့  Kyoto တို့ကတော့နိုးပါ။
ဒါဟာ Kyoto အမှားလုံးဝမဟုတ် သူ့အမှား။

ထိုနေ့ကတည်းက အလယ်မှာ လိုက်ကာ ကာပြီးသီးခြားနေခဲ့ကြသည်။

ဒီနေ့ရာသီဥတုက နည်းနည်းမှောင်တယ်။မိုးမရွာပဲတင်းခံထားတာကြောင့် ကောင်းကင်တစ်ခုလုံးကလည်း ပြိုကျမတတ်ဖြစ်နေသည်။

တစ်ချက်တစ်ချက် မိုးဖွာဖွာလေးကျလိုက် ပြန်တင်းလိုက်နှင့်လည်းရှိနေသည်။
ခေါင်းရင်းမှပြတင်းပေါက်က မှန်နဲ့လုပ်ထားတာကြောင့် အပြင်ဘက်က အခြေအနေတွေကိုမြင်နေရသည်။ဒီရာသီနဲ့လိုက်ဖက်တာ ကော်ဖီလေးတစ်ခွက်ရယ်...

အတွေးမဆူံးမှီ ဘယ်ဘက်ပါးကို မိုးရေလာစင်တာကြောင့် အိပ်ယာဘေးချထားသော ပိုးသတ်ထားတဲ့ပုဝါနှင့်သူတ်လိုက်သည်။ မိုးရေက တစ်စက်လည်းမဟုတ်နှစ်စက်လဲ မဟုတ် များလာတာကြောင့် လိုက်ကာကို ဆွဲမကာ

"ဟိုဘက်က ကလေးမ တံခါးပိတ်ထားပါလား ဒီဘက်ကို မိုးစင်တယ်...''

"မပိတ်ချင်ဘူး..အသက်ရှုကြပ်တယ်..''

"ငါ့ဘက်က ငြင်ငြင်သာသာပြောနေတာနော်...တံခါးပိတ်လိုက်လို့...''

လေသံမာမှ ပြတင်းပေါက်ထဆွဲပိတ်ပေးသည်။ထိုကလေးမကြည့်ရတာ ကိုယ့်ထက်အသက်ငယ်မည်ပုံပေါက်သည်။အော်လိုက်ရင်လဲသနားစရာမျက်နှာနှင့် သည်းခံရင်လဲ ရောင့်တတ်လွန်းသည်။

မိုးအေးအေးနှင့်ကွေးချင်သော်လည်း အတန်းချိန်ရှိသေးတာကြောင့် ကုန်းရုန်းထပြီးရေချိုးအလှပြင်ရပြန်သည်။

SHE IS MY ROOMMATE.(1~final)Where stories live. Discover now