အခန်း ၃၀

Start from the beginning
                                    

"ငါတို့ Kevin ကို ဘယ်လိုလုပ်ကြမလဲ"

Wooyoung ​မေးလာတာ​ကြောင့် သူလည်း စဥ်းစားလိုက်သည်။ Kevin ကို သူတို့ဘက်က လက်ဆုပ်လက်ကိုင်ပြစရာ သက်​သေမရှိဘဲ သွားမထိတာ အ​ကောင်းဆုံးပင်။ ​ဂေဟာမီး​လောင်တဲ့ကိစ္စ​လေး သွား​မေးမိလို့ သူတို့စခန်းမှူး အထက်လူကြီး ကျိန်းတာ ခံခဲ့လိုက်ရတယ်မလား။ Kevin ဆိုတဲ့သူကလည်း ဘယ်လိုမှပင် အစဆွဲထုတ်လို့ မရ​အောင် သိုသိပ်လွန်းသည်။ ​နေဦး အသတ်ခံရတဲ့ လူ​တွေဆီမှာ ဓါတ်ပုံ​တွေ့တယ်မလား ... အဲ့ဓါတ်ပုံ​တွေကို ​သေချာပြန်ကြည့်ရင် သဲလွန်စ တစ်ခု​​လောက်​တော့ ထပ်ရ​ကောင်းပါရဲ့ ... ​တွေးပြီး Yeosang ဓါတ်ပုံ​​တွေကို ပြန်ကြည့်လိုက်သည်။ ​သေဆုံးသူနှစ်​​ယောက်မှာ ​တွေ့ရတဲ့ ပုံ​​တွေက ​ဂေဟာမှာ ​တွေ့ခဲ့ရတဲ့ ပုံ​တွေနဲ့မတူ။ သက်​သေခံ ပုံနှစ်ပုံကလည်း copy ပွားထားဟန်တူသည်။ အဲ့ဒါဆို မူရင်းက ဘယ်သူ့ဆီမှာလဲ ... လူသတ်သမားဆီမှာလား။ သူ​​တွေးရင်း ပုံကို ​သေချာကြည့်လိုက်​တော့

"Wooyoung ​သေချာလာကြည့်"

"ဟမ် ဘာ​တွေ့လို့လဲ"

"ဒီမှာ"

"အဲ့ဒါက Kevin မလား ​နေပါဦး သူက ​သေဆုံးသူ နှစ်​ယောက်နဲ့ သိတာလား"

"မ​ပြောတတ်ဘူး ... ဒီမိန်းက​လေးကို ​သေချာကြည့် ... တစ်​ယောက်​ယောက်နဲ့ မတူဘူးလား"

"ဟင် ... အဲ့ဒါ Erika မလား"

"ဟုတ်တယ် ... Erika ကို ​မေးကြည့်ရင် တစ်ခုခု​တော့ သိရနိုင်တယ်"

"အဲ့ဒါဆို ငါ ​တွေ့ဖို့ချိန်းလိုက်​တော့မယ်"

ဆိုပြီး Wooyoung က ​ပြောလာ​တော့ Yeosang ​ခေါင်းညိတ်ပြလိုက်သည်။ ဒီတစ်ခါအမှုက တကယ့်ထိပ်သီး​တွေနဲ့ချည်း ​တွေ့​နေရတာမို့ သူ့ရဲဝတ်စုံရဲ့  ပုခုံး​ပေါ်က ကြယ်ပွင့်​လေး​တွေက သူ့ကိုပြုံးပြ​နေ​လေရဲ့။
_________________________________________

"Erika ကျွန်​တော်က Wooyoung ပါ သူက Yeosang ပါ"

"​တွေ့ရတာ ဝမ်းသာပါတယ် ကြွပါ ... ကျွန်မဒီ​​နေ့ ရုံးမတက်ဖြစ်တာမို့ အိမ်ကို ချိန်းလိုက်ရတာ ... အား​တော့နာပါရဲ့"

"ရပါတယ်ဗျာ ... ကျွန်​တော်တို့ ​မေးစရာ​လေး နည်းနည်းရှိလို့ပါ"

Everything I do, I do it For You (Unicode Only)Where stories live. Discover now