"အင်း နည်းနည်း"
"ငါနှိပ်ပေးမယ်"
လက်ညိုးနဲ့လက်မပဲ သုံးကာ နဖူးပြင်ပေါ် နှိပ်ပေးတော့ songက ပြုံးလာသည်။
"အဖေအလုပ်ပင်ပန်းရင်လည်း ငါနှိပ်ပေးနေကျလေ။ ခဏလောက် မှေးနေလိုက်"
"နဖူးပေါ် မင်းအနမ်းလေး စွန့်ကြဲရင် ကိုယ်တော်တော် လန်းဆန်းသွားမှာ"
"တော်စမ်း"
ပြင်ကျယ်ကျယ် songနဖူးပြင်ကို လက်ညိုးနဲ့ အသာရိုက်လိုက်သည်။ ပြီးနောက် နားထင်အနား၊ဂုတ်ပိုးအနားကို အညောင်းပြေစေဖို့ အသာနှိပ်ပေးမိသည်။ အနီးကပ်မြင်ရသည့် songရဲ့ မျက်နှာကို ကြည့်နေရင်း မျက်နှာမှာမဲ့ခြောက်မရှိတာကို ရိပ်မိသည့်အခါ ဒါသူ့အတွက် အားသာချက်လား။ ပြောင်ချောချောမျက်နှာက ယောကျာ်းဆန်လှသည်။
"ပြီးရင် ကိုယ်အပျင်းပြေဂီတာတီးဖို့ ဂီတာဝယ်ချင်တယ် ကိုယ့်ကို မင်းသိတဲ့ဆိုင် လိုက်ပို့ပေးပါဦး"
"ဟုတ်ပြီ"
"ကျေးဇူး"
ရထာပြုံးမိပြီး songမျက်နှာကို ငေးကြည့်နေမိသည်။ နာမည်နှင့်လိုက်အောင် ဂီတကိုလည်းချစ်သည့်အပြင် အနုပညာနှင့်သက်ဆိုင်သော အရာမှန်သမျှ songက အတော်လေးမြတ်နိုးပုံပင်။
"ရထာ"
ဧည့်ခန်းထဲဝင်လာသော နေစောကြောင့် ရထာ့အပေါ်အိပ်နေသည့် songက ခေါင်းပြန်မတ်လာသည်။ ရထာကတော့ ဘာအကြောင်းများကြောင့်လဲဟု မေးငေါ့ပြလိုက်မိသည်။
"ခဏ အရှေ့ထွက်ခဲ့ပါဦး"
"အင်း .... song ခဏနော်"
ဆိုဖာပေါ်ကဆင်းကာ နေစောနောက် လိုက်သွားသော ရထာ့ကိုကြည့်ပြီး songအားငယ်မိသည်။ ရထာ့ကိုယုံသော်ငြား တစ်ခါတစ်လေတောင်မဟုတ်ဘဲ အမြဲပြဿနာရှာတတ်သော နေစောကို ဒီလိုမျိုးအခွင့်အရေးပြန်ပေးတဲ့အခါ ရင်ထဲမှာ ခိုးလုခိုးလုနဲ့ ခံစားရခက်သည်။ အခုလည်း တစ်ခါခေါ်ရုံနှင့် သူ့နောက်ကို လိုက်သွားပုံသည် songအား ကြောက်စိတ်တိုးစေသည်။ မိမိကို ရထာချစ်နေမှန်းသိသော်ငြား သူဖွင့်ပြောလာသည့်အဖြေကိုတော့ အနည်းငယ်တော့ လိုချင်ပါသေးသည်။