အခန်း ၂၆

Start from the beginning
                                    

Kevin က သူ့ကို ပြုံးပြရင်း ​ဖြေလာ​သည်။

"နာမည်မ​ဖော်ဘဲ လှူတာက မဆန်းဘူးလား"

Mingi ​မေးလိုက်​တော့

"တခြားသူဆိုရင်​တော့ ဆန်းမှာ​ပေါ့ ... ခက်တာက လှူတဲ့သူက ကျွန်​တော်​လေ ... သမ္မတနဲ့​တွေ့ဆုံပွဲမှာ​​တောင် ကျွန်​​တော် ဘယ်သူဆိုတာ ချပြခဲ့လို့လား ... အခုထိ ကျွန်​တော်ဘယ်သူဆိုတာ ဘယ်သူမှ မသိ​သေးဘူး​လေ..."

ဟု Kevin က ​ပြောလာပြီး Mingi ကို မင်းငယ်ပါ​သေးတယ်ဆိုတဲ့ အကြည့်နဲ့ကြည့်ကာ ခြေချိတ်ထိုင်လိုက်သည်။

"ဒါ​ပေါ့ ဘယ်သူမို့လို့လဲ Kevin ပဲဟာကို"

တစ်ချိန်လုံး စကားဝင်မ​ပြော​သော Jongho က ​ပြောလိုက်သည်။

"ကြည့်ရတာ ကျွန်​တော်တို့ အလကား လာ​နှောင့်ယှက်သလို ဖြစ်သွားပြီ ထင်တယ် ... အချိန်​ပေးတဲ့အတွက် ​ကျေးဇူးတင်ပါတယ် ... ကျွန်​တော်တို့ကို သွားခွင့်ပြုပါဦး"

ထိုသို့ Jongho ​ပြောပြီး နှစ်​ယောက်လုံး မတ်တပ်ရပ်လိုက်​တော့ Kevin လည်း မတ်တပ်ရပ်ကာ သူတို့ကို နှုတ်ဆက်လိုက်သည်။ ထိုစဥ် Jongho က

"အာ ကျွန်​တော်​မေ့​တော့မလို့ ... Yoyo ​ရေ ဆရာမ Shal က သူ့ဆီကို လာ​တွေ့ပါဦးတဲ့ ကျွန်​တော့်ကို လူကြုံ​ပါးခိုင်းလိုက်လို့ပါ ... ကဲ ခွင့်ပြုပါဦး"

​ပြောပြီး Jongho ​ရော Mingi ​ရော ကုမ္ပဏီထဲမှ ထွက်လာခဲ့သည်။ ကား​ပေါ်တွင် ...

"​သေချာသွားပြီ သူက Yoyo ဆိုတာ"

ဟူ၍ Mingi က ဆိုလာသည်။

"ဒါ​ပေါ့ သိပ်​​​သေချာတာ​ပေါ့"

ဟု Jongho က နှုတ်ခမ်းကို တွန့်လိုက်ရင်း ​ဖြေလိုက်သည်။ ဘယ်​​လောက်ပဲ ထက်မြက်တဲ့သူ ဖြစ်ပါ​စေ စိတ်လှုပ်ရှားလာရင် အမှားတစ်ခု​လောက်က​တော့ လုပ်တတ်မြဲပင်။ ထိုအချက်ကို သူနဲ့ Mingi က အသုံးချလိုက်ခြင်းပင်။ အလှူရှင်ကိစ္စကို Mingi ​ပြော​လိုက်​တော့ ဘာမှမဖြစ်ဟန် Kevin ဟန်​ဆောင်ထားနိုင်သော်လည်း မျက်လုံးထဲတွင် စိုးရိမ်စိတ်ဖြတ်​ပြေးသွားသည်ကို တစ်ချိန်လုံး ​စောင့်ကြည့်​နေ​သော Jongho က ​တွေ့လိုက်သည်။ ထို့​နောက် ​​Kevin ​ခြေချိတ်ထိုင်ရန် ပြင်လိုက်​သောအခါ ​ဘယ်ဘက်​ခြေ​ထောက်ကို ဖုံးအုပ်ထား​သော ​ဘောင်းဘီအစက အ​ပေါ်သို့ အနည်းငယ်တက်သွားပြီး ​ခြေကျင်းဝတ်မှ အမှတ်က ထင်းကနဲ ​ပေါ်လာသည်။ ဤသည်ကို သူ​ရော Mingi ​ရော မြင်လိုက်သည်။ ထိုအမှတ်က အလင်း​ရောင်​ဂေဟာတွင် Yoyo ရဲ့ပုံကို ကြည့်စဥ်က ​​ဘောင်းဘီတိုတို​လေး ဝတ်ထား​သော Yoyo ​ကြောင့် ထိုအမှတ်ကို Jongho သိ​နေခြင်းဖြစ်သည်။ ထို့​ကြောင့် ပြန်ခါနီးတွင် ထိုအချက်ကို Kevin အကွက်​ရွှေ့ရန်အတွက် ထုတ်​ပြောပြလိုက်ခြင်းပင်။ တဖြည်းဖြည်း နီးစပ်လာပါပြီ ... မကြာခင် တရားခံက သူတို့လက်ထဲ​ရောက်​တော့မှာပါ ... ​တွေးရင်း Jongho ကားကို ​မောင်းကာ အိမ်​တော်သို့ ပြန်လာခဲ့​တော့သည်။
_________________________________________

Everything I do, I do it For You (Unicode Only)Where stories live. Discover now