ရိပေါ်တစ်ယောက်တည်း ညဏ်နီညဏ်နက် စဉ်ပြီး တစ်ယောက်တည်း လူယုတ်မာအပြုံးလေးနဲ့ ရယ်နေမိသည်

"သား ကျန့်  ထတော့ ဒီမှာ ဧည့်သည်တွေရောက်နေတယ် "

"အာ မားကလည်း သားအိပ်နေတာကို "

"ထဆိုထ သွား...ကိုယ်လက်သန့်စင်ပြီး အောက်စင်းလာခဲ့ 5 မိနစ် အချိန်ပေးမယ်"

"ထပြီ ထပြီ"

ဘာတွေမှန်းကိုမသိဘူး  သူများ အိပ်နေတာကို မားကတော့

အိပ်ချင်မူးတူးနဲ့ ကိုယ်လန့်သန့်စင်ပြီးတာတောင် အိပ်လို့မဝသေး သော ရှောင်ကျန့်

အိမ်အောက်ကို နှုတ်ခမ်းလေးဆူပြီး အိပ်ချင်မူးတူးနဲ့ဆင်းလာတဲ့ကောင်လေးကို ရိပေါ် ပါးစပ်ထဲငုံထားချင်မိသည် အထိ

အိမ်အောက်ရောက်နေတာတောင် ပတ်ဝန်းကျင်ကိုသတိထားမိပုံမပေါ်  ဧည့်ခန့်က ဆိုဖာပေါ် ထိုင်ချကာ မျက်လုံးလေးဖွင့်ကြည့်တော့မှ သူ့ကို လူတွေပါးစပ်အဟောင်းသားနဲ့ကြည့်နေတာကိုတွေ့တော့

"အား......"

"အမလေး သားရယ် ဘယ်လိုဖြစ်နေတာလဲ လန့်တောင်လန့်တယ်"

"ဟို...ဟို....ဘာမှ  မ...မဖြစ်ပါဘူး"

ထစ်ထစ်ငေါ့ငေါ့နဲ့ ပြောနေတဲ့ ကောင်လေးကို ကြည့်ပြီး ရိပေါ် ဝါးစားပြစ်လိုက်ချင်သည်

ဘယ်လိုတောင်ချစ်ဖို့ကောင်းလိုက်တာလဲ

"ဟို...ဟို......အန်ကယ်တို့က သားကိုလာတွေ့တာလား"

"အင်း"

"အော်...အော်"

"ဟိုလေ.....အန်တီ့သားက မင်းကိုလက်ထပ်ချင်လို့တဲ့"

"ဟင်."

"အာ့ကြောင့် အန်တီနဲ့အန်ကယ်က လာတင်တောင်းတာ"

"ဟို  ဟိုလေ..."

ရှောင်ကျန့်သူ့ပါးနဲ့သူ့မားကိုကြည့်တော့
သူ့ပါးနဲ့သူ့မားက သားသဘော ဆိုတဲ့ မျက်ဝန်းနဲ့ပြန်တုန့်ပြန်လိုက်သည်

"ဟို... ကျတော် လက်ထပ်ပါ့မယ်"

"ပျော်လိုက်တာသားရယ် ဒါဆို တစ်ပက်ခါကျရင် မဂ်လာဆောင်ကြတာပေါ့ "

ကျွန်တော့်ရဲ့Boss❤🙆🏻‍♂️❤(Completed)Where stories live. Discover now