Ep.10(Unicode)

3.6K 251 2
                                    

သုံးနှစ်ကြာပြီးနောက်

"ရှောင်ကျန့် ရှောင်ကျန့်........"

"ဟာ........ကျန်းချန့် ဘယ်လိုဖြစ်နေတာလဲဟ.....အလောတကြီး"

ဟော.....ဟဲ......ဟော....ဟဲ

ကျန်းချန့်ပြေးလာတာမောနေတာကြောင့်အသက်ကိုဝဝရှူကာ အားယူနေသည်

"ရိပေါ်......သူ.....သူ.... ."

ရှောင်ကျန့် ရိပေါ်နမည်ကိုကြာတော့ ချက်ချင်းဆိုသလိုပင် ထိန့်လန့်သွားရသည်

"ရိပေါ် မင်းသူ့နမည်ကိုခေါ်လိုက်တာလား
သူ.......သူ.........ဘာ....ဘာ....ဖြစ်လို့လဲ"

"မင်း စိတ်ထိန်းထားနော်......... ရိပေါ် ပြန်လာပြီဟ"

ရှောင်ကျန့် ဒူးခွေကာလဲကျတော့မလို့ဖြစ်သွားရသည် ပါးပြင်မှ မျက်ရည်များစီဆင်းလာသည်

"ကျန်းချန့် မင်းငါ့ကိုလာနောက်နေတာလားဟာ"

"ငါတကယ်မနောက်ဘူး သူလွန်ခဲ့တဲ့ သုံးနှစ်တုံးက လန်ဒန်ကိုသွားခဲ့တာတဲ့"

"ရိပေါ် ရာ မင်းဘာလို့ငါ့ကိုမပြောခဲတာလဲ မင်းပြောခဲ့ရင် ငါမင်းဆီကိုလိုက်လာခဲ့မှာပေါ့ဟာ မင်း သိပ်ရက်စက်တာပဲ"

စိတ်ထဲကရေရွတ်ရင် နှလုံးသားမှာတော့ သေမတတ်နာကျင်နေရလေသည်
မျက်ရည်များကို လက်ဖြင့်ကြမ်းကြမ်းဖိသုတ်ကာ စိတ်နာစွာပြောလိုက်သည်

"ကျန်းချန့် နောက်တစ်ခါကျရင် ငါ့ကို ရိပေါ် ဆိုတဲ့ ကောင်အကြောင်းကို မပြောပါနဲ့တော့လားဟာ.....ငါရင်တွေ နာကျင်ရလွန်းလို့ပါ"

ကျန်းချန် ကိုယ့်သူငယ်ချင်းဘယ်လို ခံစားနေရမလဲဆိုတာကို တွေးရင်းနဲ့ သူပါ မျက်ရည်များ ဝဲတက်လာသည်

"ငါနားလည်ပါတယ်ဟာ မင်းသူ့ကိုမေ့လိုက်တော့ ဟုတ်ပြီလား ဘာမှမတွေးနဲ့တော့ ရင်နာရမယ့် အကြောင်းတွေကိုမင်းခေါင်းကနေထုတ်ပစ်လိုက် ဘာမှအားမငယ်နဲ့ မင်းဘေးမှာငါတစ်ယောက်လုံးရှိတယ်"

"ကျေးဇူးပဲ ကျန်းချန့်ရာ ငါအလုပ်သွားလုပ်လိုက်ဦးမယ်"

ဆိုပြီး ရုံးခန်းထဲကိုပြန်ဝင်လိုက်တော့သည်
ရိပေါ် မရှိတဲ့နေ့ကစပြီး Company မှာ ရိပေါ် ပါးကဝင်ပြီး ဦးဆောင်လိုက်ရတော့သည်
ရိပေါ် ဘယ်သွားလဲဆိုတာကို ရိပေါ်ပါးက ရှောင်းကျန့်ကို တစ်စက်ကလေးမှမပြောပြခဲ့ပါဘူး ရှောင်းကျန့်က အခုဆိုရင် Company မှ manager ဖြစ်နေလေပြီ
ရုံးခန်းထဲမှာ အလုပ်လုပ်နေရင်း ရိပေါ် ပါးက

ကျွန်တော့်ရဲ့Boss❤🙆🏻‍♂️❤(Completed)Where stories live. Discover now