Ep.11(Unicode)

3.5K 248 0
                                    

ရှောင်းကျန့် မထချင်ထချင်နဲ့ထလိုက်သည်
ရေမိုးချိုးပြီး company ကိုသာ တန်းသွားလိုက်သည်
သူနေမကောင်းမှန်းသိနေပေမဲ့ ဥပေက္ခာပြုထားလေသည်
အလုပ်ထဲရောက်တော့ အလုပ်ကုန်းလုပ်နေလိုက်သည်

"ရှောင်ကျန့်"

ခေါ်သံကြောင် မတ်တပ်ထရပ်ကာကြည့်မလို့ပြင်တုန်း
ရှောင်ကျန့်မျက်လုံးများ မှုန်ဝါးသွားလေသည်

.........................

"ငါဘယ်ရောက်နေတာလဲ"

ကုတင်ပေါ်မှထမလို့ကြိုးစားနေတဲ့လူကို
ရိပေါ်အပြေးဆွဲထူပေးလိုက်သည်

"Ge ဆေးရုံရောက်နေတာ"

ရှောင်ကျန့်မော့ကြည့်လိုက်မှ ရိပေါ်ဖြစ်မှန်းသိသွားလေသည်

"မင်း......မင်း.......ဘာလာလုပ်တာလဲ သွား ငါ့အနားကိုကပ်မလာနဲ့ သွား ငါ့ရှေ့ကအခုထွက်သွား အင့်.....ဟင်းးး....."

ဝမ်ရိပေါ် ပါးပြင်မှမျက်ရည်များစီးကျလာလေသည်
ရှောင်ကျန့်ကိုရင်ခွင်ထဲသွင်းထည့်လိုက်သည်

"Ge ရယ် ကျတော် တောင်းပန်ပါတယ် ကျတော် သိပါတယ် Ge နာကျင်နေမှန်း ဒါမဲ့ ချစ်ရက်နဲ့ ထွက်စံားခဲရတဲ့သူကလည်း ပိုပြီး နာကျင်ရပါတယ် Ge ရာ"

"အင့်.ဟင်း.......မင်း....ဘာလို့ အင့်...ငါ့ကို ထားသွားခဲ့ရတာလည်း...ဟင်း......"

"ပြောရမှာအရှည်ကြီးပဲ Ge ရာ နောက်မှအေးဆေးပြောပြမယ် အခုGe နားလိုက်ဦး
ပင်ပန်နေပြီ"

"အင်း"

ကလေးတစ်ယောက်လို ငိုနေတဲ့ ချစ်သူရဲ့ နှုတ်ခမ်းသားနုနုလေးကို တယုတယ နမ်းလိုက်သည်

"ဘာလို့ ဒီလောက်တောင်ပိန်သွားရတာလဲ Ge ရာ"

"မင်းကို စောင့်နေရတဲ့စိတ်ကြောင့် ငါထမင်းတောင် ပုံမှန်မစားနိုင်ခဲ့ဘူး"

"ကျတော် နောက်တစ်ခါ Ge ကိုတစ်ယောက်တည်း မထားခဲ့တော့ပါဘူး"

"အင်း "

"အိပ်တော့နော်"
..................................

ကိုယ့်ရှေ့မှာအိပ်ပျော်နေတဲ့ ချစ်သူလေးကို တယုတယငေးကြည့်နေတော့သည်။

ကျွန်တော့်ရဲ့Boss❤🙆🏻‍♂️❤(Completed)Where stories live. Discover now