Ep.12(Zawgyi)

1.3K 83 0
                                    

Ep.12

"အား.......ရိပေါ် ကိုယ့်ကိုမထားခဲ့ ပါနဲ့ ကိုယ်တောင်းပန်ပါတယ်"

"Ge......Ge"

ရှောင်းကျန့်ယောင်နေတာကို အလန့်တကြားခေါ် နှိုးလိုက်သည်

"Ge ဘာမှမဖြစ်ဘူး Di ရှိတယ်"

ရှောင်နိုးတော့ ရိပေါ်ကိုသာမရမက ဆွဲဖက်လိုက်သည်

"Di.   ကိုယ့်ကိုမထားခဲ့ပါနဲ့နော် "

"Di လုံးဝမထားခဲ့တော့ပါဘူး သိပ်တော့နော် လိမ္မာတယ် "

ငိုနေတဲ့ချစ်သူကိုအယုတယချောသိပ်လိုက်သည်

"ဆန်ပြုတ်သောက်လိုက်ဦးနော် Di ခွံ့ကျွေးမယ်"

"အင်း"

ချစ်ရသူကိုဆန်ပြုတ်ခွံ့ကျွေးလိုက်သည်

"Di ဘာလို့ Ge ကိုဖွင့်မပြောပဲထွက်သွားရတာလဲ"

"Di တို့တွဲတာကို မားသိသွားတဲ့နေ့ကပေါ့
မားက di ကိုလန်ဒန် သွားခိုင်းတယ်
လန်ဒန်မှာအလုပ်လုပ်ခိုင်းတယ် ဒါပေမဲ့ Di ကလက်မခံခဲ့ဘူး မားကိုငြင်းခဲ့တယ် မားက နင်မသွားရင် ငါနင့်ကိုအိမ်ထောင်ချပစ်မယ် တဲ့ အဲ့ဒါနဲ့ di လည်း ရွေးစရာလမ်းမရှိခဲ့ဘူး di လန်ဒန်မှာသွားနေလိုက်တယ်
နေရတာအဆင်မပြေခဲ့ဘူး Ge ကိုလွမ်းတဲ့စိတ်ကြောင့် နေမကောင်းဖြစ်ခဲ့ရတယ်
ဆေးရုံတေံကိုလည်းတတ်ခဲ့ရတယ် အဲ့ဒါကိုမားသိသွားတော့ မားကလက်လျှော့လိုက်တယ် အဲ့ကြောင့်မို့ di ပြန်လာခဲ့တာ"

"အော် ဒါဆို Di က Ge ကိုမုန်းလို့ထားခဲ့တာမဟုတ်ဘူးပေါ့"

"အင်း.........Geရယ် Di မရှိတဲ့အချိန်တွေမှာ ဘာလို့ကျန်းမာရေး ဂရုမစိုက်ရတာလဲ 
လေယာဉ်ကွင်းမှာ စတွေ့ကတည်းက ဆေးရုံကို လိုက်ပို့ချင်ခဲ့တာ Ge မုန်းနေပြီထင်လို့ မသ်သလိုပဲဟန်ဆောင်နေလိုက်ရတယ် Geရယ် ဟန်ဆောင်ရတာ ပင်ပန်းလှပြီ"

"Ge လည်းဟန်ဆောင်ရတာပင်ပန်းလှပါပြီကွာ"

"ငါတို့ အစကနေပြန်စရအောင်နော်"

"အင်း အရမ်းချစ်တယ်Di ရယ်"

"Ge ကိုလည်းအရမ်းချစ်တယ်"

ဖြူဖျော့ဖျော့ရောင်ရှိနေတဲ့ချစ်သူနှုတ်ခမ်းပါးလေးကို တယုတယနမ်းလိုက်သည်

ဖတ်ပေးသူတိုင်းကိုချစ်တယ်❤

ကျွန်တော့်ရဲ့Boss❤🙆🏻‍♂️❤(Completed)Where stories live. Discover now