Ep.1(Unicode)

19.4K 551 12
                                    

"သားရေ.......ထတော့လေကွယ်.......ဒီနေ့က.....သားရဲ့ အလုပ်သွားလျှောက်ရမယ်မလား"

"ဟုတ်ကဲ့ မား.....သားအခုထပြီး....ရေချိုးလိုက်ဦးမယ်"

"အေးပါကွယ်"

ဟုတ်ပါတယ် ဒီနေ့ကတော့ ရှောင်ကျန့် ကျောင်းပြီးသွားလို့ သူ့ ပါး
ငယ်သူငယ်ချင်းရဲ့ ကုမဏီမှာအလုပ်သွားလျှောက်ရမယ့် နေ့ဖြစ်ပါတယ်
ရှောင်ကျန့်တစ်ယောက်စိတ်လှုပ်ရှားကာ အိမ်ပေါ်ကနေ အမြန်ဆင်းလာခဲ့ပါတယ်

"အမေ သားသွားတော့မယ်"

"ဟဲ့ သားခနနေပါဦး မားတို့နဲ့ မုန့်လာစားပါဦး"

ရှောင်ကျန့်လည်း မားနဲ့ပါး တို့နဲ့ မုန့်အတူထိုင်စားလိုက်သည် မုန့်စားလို့ပြီးသွားတော့

"မား....ပါး......သားသွားတော့မယ်......"

"အေးပါကွယ် ကားကိုဂရုစိုက်မောင်းနော်"

"ဟုတ်ကဲ့.....မား"

ရှောင်ကျန့်လဲ ကားမောင်းပြီ.....အလုပ်ကိုသွားလေသည်

"သား.....ပေါ်ပေါ်....ထတော့ ဒီနေ့မင်းပါးနဲ့ အလုပ်ကိုလိုက်ခဲ့......."

"ဟင်း......သားမလိုက်ချင်ဘူး....ပါး"

"မလိုက်လို့မရဘူး......မင်လည်း.......မကြာခင်....ပါး.အစား.ကုမဏီ ကို ဦးစီးပြီး လုပ်ရမှာ"

"ဟုတ်ပါး သားအခုထပြီ"

"ဒါမှ ငါ့သားဟ သွား!....ရေသွားချိုးလိုက်ဦး.....ပါးအရင်သွားနှင့်လိုက်မယ်"

"ဟုတ်ပါး"

ရိပေါ် အဖေလည်း ကုမဏီကိုအရင်သွားနှင့်လိုက်တော့သည် ရိပေါ် ရေချိုးပြီးတော့ အိမ်အောက်ဆင်းလာခဲ့ပါတယ်

"မား.....သားသွားတော့မယ်"

"အင်းပါသားရယ် ဆိုင်ကယ်ကိုဖြေဖြေမောင်းနော်"

"ဟုတ် မား"

ဆိုပြီး ကုမဏီကို သွားတော့လေသည်
ကုမဏီရောက်တော့ ရှောင်ကျန့်လည်း နောက်ကျတော့မှာမို့လို့ စာရွက်စာတန်းတွေကိုင်ပြီး ကုမဏီထဲကိုအပြေးအလွားဝင်လာပါတော့တယ် သူပြေးဝင်တဲ့ အချိန်မှာပဲ ရိပေါ်ကို တိုက်မိတော့သည်
ရှောင်ကျန့် ရိပေါ်ရဲ့ အပေါက်မှာ
မှောက်လျက်ကြီး ချော်လဲသွားတော့သည် စာရွက်စာတန်းတွေလည်း လေပေါ်လွှင့်ကုန်သည်

ကျွန်တော့်ရဲ့Boss❤🙆🏻‍♂️❤(Completed)Where stories live. Discover now