"အား sorry ပါ di"

"အင်း"

ရှောင်ကျန့် ချက်ချင်းထလိုက်ကာ
ကျန်းချန့်ကို လှည့်ကြည့်လိုက် ပါးစပ်အဟောင်းသားလေး😲

"ကျန်းချန့် မင်းကလဲကွာ တံခါးမခေါက်ဘာမခေါက်နဲ့"

"Sorry ပါကွာ ငါမေ့သွားလို့ ဘယ်နားနာသွားသေးလဲ "

ဆိုပြီး ရှောင်ကျန့်     ခန္ဓာကိုယ်ကို ဒဏ်ရာရှိလားလိုက်စမ်းနေသည် အဲ့ဒါကိုမြင်နေတဲ့ ရိပေါ် ကတော့ ကျန်းချန့်ကိုမသိမသာလေးမျက်စောင်ကောက်ထိုးပေးလိုက်သည်😠

"ဒါနဲ့ မင်းအလုပ်လာလျှောက်တာမလား ငါမင်းကို စာရင်းကိုင်အဖြစ်ခန့်လိုက်ပြီ မနက်ဖြန်ကျရင် အလုပ်စလုပ် အခုမင်းပြန်လို့ရပြီ"

ကျန့်ချန့် ခမျာ ပျော်ရမလား ငိုရမလားဖြစ်သွားသည်

"ဟုတ် ကျေးဇူးတင်ပါတယ်  ဒါဆိုကျတော်ပြန်တော့မယ်"

"အင်း"

"ရှောင်ကျန့် ငါပြန်တော့မယ် နော်"

"အေးအေး ကားလည်းဂရုစိုက်မောင်းဦး"

"အေးပါဟ"

ရိပေါ်ကတော့ သဝန်တိုနေရှာပြီလေး ဟို
ဘဲကြီးကိုဂရုစိုက်ပေးနေတဲ့ ရှောင်ကျန့်ကို

"Ge" (အသံမာစွာနဲ့)

"အင်း ပြောလေ"

"ကျတော် ဇာတ်ကြောတက်လို့ နှိပ်ပေးပါလား"

"အင်း နှိပ်ပေးမယ်လေ"

ရှောင်ကျန့်လည်း ရိပေါ်ကိုနှိပ်ပေးရပါတော့တယ်    
နှိပ်တာကောင်းလို့လားမသိ ရိပေါ်တောင်အိပ်ပျော်သွားလေသည်
ရှောင်ကျန့်က ရိပေါ် မျက်နှာလေးကိုကြည့်ပြီး

"တကယ်ကိုအပြစ်ကင်းစင်တဲ့မျက်နှာလေး   ပန်းနုရောင်သမ်းနေတဲ့ နှုတ်ခမ်းလေးအပါအဝင်ပေါ့"

ရိပေါ်အိပ်နေလို့ ရှောင်ကျန့်လဲအလုပ်ဆက်လုပ်နေလိုက်သည်

ဒီလိုနဲ့ပဲ ရှောင်ကျန့် အလုပ်လုပ်တာ တစ်လတောင်ပြည့်သွားခဲ့ပြီလေ အလုပ်လုပ်တာများလာတော့ လူကြီးတစ်ယောက်လို့ ရင့်ကျက်နေပေပြီ ရိပေါ်ကတော့ သူ့ကို ကလေးတစ်ယောက်လို့ ဆို့နွဲ့နေတုန်းပဲ့ပေါ့
ရိပေါ်နဲ့အချိန်တွေကိုဖြတ်သန်းရတာများလာတော့ ကို့ညီအရင်းတစ်ယောက်လို
သံယောဇဉ် သွယ်သွားခဲ့သည် ရိပေါ်က အဲ့ထပ်ပိုနေတယ်ဆိုတာကိုတော့
သူမသိရှာဘူးလေ😢

တစ်နေ့ အလုပ်မှာရှောင်ကျန့် အလုပ်ကုန်း​လုပ်နေတုန်း ရိပေါ်က ရုံးခန်းတံခါကို Lock ချလိုက်သည် Ge အနားကိုသွားပြီး

"Ge"

"အင်း ပြောလေ..... အမလေး di ရယ် လန့်လို့သေတော့မယ် ဘယ်လိုဖြစ်လို့......အင့်"

စကားတောင်မဆုံးသေး ရိပေါ်က
ရှောင်ကျန့်နှုတ်ခမ်းကို ဖွဖွလေးနမ်းလိုက်သည်

"အင့် di ဒါမင်းဘာလုပ်တာလဲ"

"Ge ကို ကျတော်ချစ်တယ်"

"ဟမ်......"

"Ge ကိုကျတော်ချစ်တယ်လို့"

"မင်း   ဘာတွေထဖြစ်နေတာလဲ နေ့ခင်းကြောင်တောင်ကြီး မင်းရူးနေပြီလား"

"ဟုတ်တယ် ကျွန်တော်ရူးနေပြီ အဲ့တာ
ကိုကို့ကြောင့် ကိုကိုက ကျတော့်ကို အရင်ညို့တာလေ"

"ဟမ်.....ငါကပဲ မင်းကိုညို့ရဦးမယ် တော်စမ်းပါဟာ ငါရှေ့ကဖယ် သူများမြင်ရင် မကောင်းဘူး"

ရှောင်ကျန့်ကတော့ သူ့ကိုရိပေါ်က
စနောက် နေတယ်လို့ပဲထင်နေမိတယ်
တကယ်တော့မဟုတ်ပေ
ရိပေါ်သူ့ပေါင်တက်ထိုင်လိုက်ပြီး လည်တိုက်ကိုဖက်ကာ ရှောင်ကျန့် နှုတ်ခမ်းလေးကို စုပ်နမ်းလိုက်သည်

"အင့်.......ဝမ်ရိပေါ်     မင်း........ ပြောလေပိုကဲလေပါလား ငါ့ပေါ်ကခုဆင်းစမ်း"

"ကိုကို့ ကျတော့်ကိုမချစ်ဘူးလား"😔

"ချစ်တာပေါ့ ငါကမင်းကို ငါ့ညီအရင်းလိုချစ်တာ"

ဝမ်ရိပေါ်မျက်နှာပျက်သွားလေသည်

"ကိုကို့ အဲ့ထက်ပိုလို့ မရဘူးလား"

"မရဘူး လုံးဝပဲ ယောက်ျားချင်းချင်းကြီးကွာ မဖြစ်နိုင်ဘူး လုံးဝပဲ"

ဝမ်ရိပေါ် မျက်ဝန်းထဲမှ မျက်ရည်များဝဲသွားလေသည်

အားပေးတဲ့ သူတိုင်းကိုကျေးဇူးတင်ပါတယ်နော်
                              #𝑵𝒐𝒚𝒏𝒂𝒓

ကျွန်တော့်ရဲ့Boss❤🙆🏻‍♂️❤(Completed)Where stories live. Discover now