"ဒါဆိုအတူသွားရအောင်လေ"
"အေ"
ဆိုပြီး အခန်းအပြင်ထွက်လာပါတယ် လမ်းလျှောက်လာရင်း ရှောင်ကျန့်ကို ကြယ်ပွင့်တစ်ပွင့်ကိုကြည့်နေတဲ့ အကြည့်တွေနဲ့ တစ်လမ်းလုံး အကြည့်ခံလိုက်ရပါတယ် ရိပေါ်ကတော့ ခပ်တည်တည်ပဲ့လမ်းလျှောက်သွားသည်
ကော်ဖီ ဝယ်ပြီပြန်လာတော့ လမ်းမှာ ရှောင်ကျန့်ကို ပန်းပေးလိုက် စာပေးလိုက်နဲ့ အလုပ်ရှုပ်နေပါတယ်"ငါ သွားနှင့်ပြီ ငါးမိနစ်အတွင်းအခန်းထဲရောက်အောင်လာခဲ့"
ရှောင်ကျန့်လည်း ပစ္စည်းတွေယူပြီး လူမရှိတဲ့နေရာရောက်တော့ စာတွေကို အမှိုက်ပှုံထဲပစ်လိုက်ပြီး ပန်းတွေကိုကျတော့ မန်နေဂျာမမကိုပေးလိုက်သည်
"ရော့! မမ"
"အမလေး......ဒီလောက်များတဲ့ပန်းကိုဘာလုပ်မလို့လဲ့ဟ"
"အလုပ်ကကောင်မလေးတွေပေးတာ"
"အမယ် မင်းက အလုပ်လာလုပ်တာမှမကြာသေးဘူး စွံလိုက်တာ"
"ဒါတွေထားပါ ကျတော် အခန်းထဲအမြန်ပြန်မှရမယ် သွားပြီနော်"
ဆိုပြီး ရုံးခန်းထဲကို ပြေးသွားသည်
ရုံးခန်းထဲ့ ရောက်တော့ ရိပေါ်က"မင်း သုံးမိနှစ်နောက်ကျတယ်"
"အာ.....Boss ကျတော်တောင်းပန်ပါတယ် "
"တောင်ပန့်လည်းမရဘူး မင်းကိုငါအပြစ်မေးရမယ်"
"ဟုတ်.....ဟုတ် ကျ.....ကျတော့်အပြစ်ခံယူပါမယ်"
ဆိုပြီးရိပေါ်ကသူ့ကို စာရင်းအထပ်လိုက်ပေးလိုက်သည်
"အာ......ဒါ ကျတော်အကုန်လုပ်ရမှာလား"
"ဟုတ်တယ် ဘာလဲ မင်းကမလုပ်ချင်လို့လား"
"အဲ့လိုမဟုတ်ပါဘူးဗျာ ကျတော်လုပ်ပါ့မယ်"
ရှောင်ကျန့်လည်း အလုပ်ကိုဒီည 8 နာရီအထိ ကုန်အောင် ကြိုးစားပမ်းစာလုပ်ရသည် 7 နာရီလောက်ရောက်တော့ ရှောင်ကျန့်လည်း စားပွဲပေါ်ခေါင်းကျသွားသည်
"ဂွက်!!!"
ရိပေါ်လှည့်ကြည့်လိုက်တော့ ရှောင်ကျန့်ကအိပ်ပျော်သွားသည်
ရိပေါ်လည်းရှောင်ကျန့်အနားသွားကာ"ဟေ့ ရှောင်ကျန့် ထတော့ ပြန်မယ်"
"အော့......Boss ကျတော်လုပ်လို့မပြီးသေးဘူး"
"ထားလိုက်တော့ မနက်ဖြန်မှာဆက်လုပ် မင်းအခူလုပ်လည်း နိုင်တော့မှာမဟုတ်ဘူး အများကြီးကျန်သေးတယ် "
"ဟုတ်"
"ဒါဆိုကျတော်သွားပြီနော် "
အိပ်ချင်မူးတူးနဲ့ထလိုက်သည် ရှောင်ကျန့်လည်း စာရင်းကိုင်တာကြာသွားတော့
မူးလဲမလိုဖြစ်သွားကာ ရိပေါ်က ရှောင်ကျန့် body ကိုလက်နဲ့ထိန်းလိုက်သည်"မင်းနိုင်ပါ့မလား ငါလိုက်ပို့ပေးမယ်"
"ရတယ် ကျတော့ပြန်နိုင်ပါတယ်"
"ငါလိုက်ပို့မယ် မင်းသေရင် ငါအလုပ်ကိုလာရဲ့တော့မှာမဟုတ်ဘူး မင်းငါ့ကိုလာခြောက်ရင်ဘယ်လိုလုပ်မလဲ"
"ကောင်းပါပြီဗျာ Boss ပဲကျွန်တော့် ကိုလိုက်ပို့လိုက်တော့"
ရိပေါ်လည်း သူ့ဆိုင်ကယ်ကို ကားဂိုထောင်ထဲထည့်ပြီး သော့ခတ်လိုက်သည်
"လာသွားမယ် "
ဆိုပြီးရှောင်ကျန့်ကိုအိမ်လိုက်ပို့လိုက်တော့သည် အိမ်ရှေ့ရောက်တော် ရှောင်ကျန့်ကိုရိပေါ်လှည့်ကြည့်လိုက်ရာ အိပ်ပျော်နေပြီ ရိပေါ်လည်း သူ့အနားကပ်ပြီး ခါးပတ်ဖြုတ်ပေးလိုက်ရာ မျက်နှာချင်းဆိုင်ဖြစ်သာံးသည် ရှောင်ကျန့်နှုတ်ခမ်းကိုကြည့်ရင်း"လှလိုက်တဲ့ နှုတ်ခမ်းလေး ဟာ........ငါဘာတွေးနေတာပါလမ့် .......ထတော့ မင်းအိမ်ရှေ့ရောက်နေပြီ"
ရှောင်းကျန့်နိုးသွားသည်
"ဟုတ် ကျေးဇူးပဲ Boss ကျတော်သွားပြီ"
"အေအေ ငါမင်းကားယူသွားလို့ မနက်ဖြန်ကျရင် ငါလာကြိုလိုက်မယ်"
"ဟုတ်ကဲ့ Good night နော် Boss"
ဆိုပြီးရိပေါ်ကို အပြုံးလေးနဲ့ နှုတ်ဆက်လိုက်သည် ရိပေါ်ကတော့ သေမတက် ရင်ခုန်သွားသည် ကားကိုဖြေဖြေးမောင်းရင်းအိမ်ပြန်သွားသည် အိမ်ရောက်တော့ ရေမိုးချိုးပြီး အိပ်မလို့လုပ်တုန်း မျက်လုံးထဲက ရှောင်ကျန့်သူ့ကိုပြုံးပြတဲ့ အပြုံးလေးပြန်မြင်ယောင်သွားသည်
"သူကဘယ်သူမို့လို ငါနှလုံးသားလှုပ်ခတ်နိုင်ရတာလဲ"
ရိပေါ် လည်းအတွေးပေါင်းစုံတွေးရင်အိပ်ပျော်သွားလေသည်
အားပေးတဲ့သူတိုင်းကိုကျေးဇူးတင်ပါတယ်နော်❤❤❤❤
#𝑵𝒐𝒚𝒏𝒂𝒓
YOU ARE READING
ကျွန်တော့်ရဲ့Boss❤🙆🏻♂️❤(Completed)
RomanceSweet Story လေးပါနော်😘😘😘 (Zawgyi & Unicode)
Ep.3(Zawgyi)
Start from the beginning