Ep.1(Zawgyi)

Depuis le début
                                    

"အား....သွားပြီ ငါစာရွက်တွေ"

"မင်စာရွက်တွေက အရေးမကြီးဘူး.....မင်းငါ့အပေါ်မှာ ဘယ်လောက်ကြာအောင်နေဦးမှာလဲ"

ရှောင်ကျန့်အောက်ကိုငုံ့ကြည့် လိုက်မှ သူရိပေါ် အပေါ်မှာ မှောက်လျက်ကြီး ဖြစ်နေတာကို သိသွားတော့သည် ရှောင်ကျန့် အမြန်ထကာ

"တောင်ပန်ပါတယ်ဗျာ ကျွန်တော်လောနေလို့ပါ"

ပြောလည်းပြော ရိပေါ် ကိုလည်းထူပေးလိုသည် ရှောင်ကျန့်ပေါ်က ရေမွှေးအနံ့ ကမွှေးကြိုင်လို့နေပါတယ် ရိပေါ် ကိုထူလိုက်တော့ ရေမွှေးနံ့ကိုခံစားမိလိုက်သည် အနံ့ကို တစ်ဝကြီးရူကာ

"မွှေးလိုက်တဲ့အနံ့ကွာ"

ဆိုပြီး စိတ်ထဲကပြောနေသည် ရှောင်ကျန့် ရိပေါ်ကိုထူပေးပြီးတော့

" ကျတော် တောင်းပန်ပါတယ်ဗျာ ကျတော်လောသွားလို့ပါဗျာ "

ပြောပြီး စာရွက်စာတန်းတွေကိုပြေးကောက်ပြီး အလုပ်လျှောက်ရမယ့် အခန်းထဲကိုဝင်ပြေးသွားသည်

"ဟာ....ဒီကောင် ငါတောင်ခွင့်မလွှတ်ပေးရသေးဘူး ဒင်းကပြေးသွားတယ်ပေါ့လေ တွေ့မယ် ဒီကောင် "

ဆိုပြီး စိတ်ထဲက ကျိန်းနေလေသည်

ရှောင်ကျန့်လည်း အလုပ်လျှောက်ဖို့ ရုံးခန်းရှေ့ကခုံမှာစောင့်နေသည် ရိပေါ်လည်း ရုံးခန်းထဲကို ဝင်သွားလေသည် ခနနေတော့

"ရှောင်ကျန့်! မောင်လေး သူဌေးက ဝင်ခဲ့ပါတဲ့"

ဟု မန်နေဂျာမမ တစ်ယောက်ကပြောလိုက်သည်....

"ဟုတ် မမ လာပြီ"

ဆိုပြီး​ ရှောင်ကျန့်လည်းရုံးခန်းထဲကိုစိတ်လှုပ်ရှားကာဝင်သွားတော့သည် ရုံးခန်းထဲရောက်တော့ ရိပေါ်က ဆိုဖာတစ်ခုပေါ်မှာထိုင်ပြီး ဖုန်းနှိပ်နေသည်

"အော်.....သား ထိုင်ပါဦး"

"ဟုတ် သူဌေး"

ဆိုပြီး ထိုက်ခုံပေါ်ထိုင်ချလိုက်သည်

"ဦးလေးလို့ပဲ့ ခေါ်ပါကွာ..... ဒါနဲ့ သား အဖေရောနေကောင်းလား....."

"ဟုတ် ပါးနေကောင်းပါတယ် ဦးလေးရောနေကောင်းတယ်မလား"

"နေကောင်းပါတယ်ကွာ......ဒါနဲ့ သားက ဘယ်လိုအလုပ်မျိုးလုပ်ချင်လဲ"

ကျွန်တော့်ရဲ့Boss❤🙆🏻‍♂️❤(Completed)Où les histoires vivent. Découvrez maintenant