အခန်း ၂၅

Start from the beginning
                                    

"ငါလည်း မင်းကို အရမ်းချစ်တယ် ... Choi San"
_________________________________________

"Sang ​ရေလို့ ... Sang ​လေး စိတ်မဆိုးပါနဲ့​တော့ကွာ"

ဟုတ်ပါသည်။ သူ့ကို Sang ​လေးက စိတ်ဆိုး​နေပါသည်။ အ​ကြောင်းက​တော့ အိမ်​တော်ကို မလာခင် အင်း မနက် အိပ်ရာနိုး​တော့လို့ ​ပြောရမလား။ သူ့​ဘေးမှာ အိပ်နေ​သော Sang ​လေးကို တစိမ့်စိမ့်ကြည့်ရင်း ကြည့်မဝ​တော့ဘဲ ပါး​လေးကို Seonghwa နမ်းလိုက်သည်။ ထိုအခါ Sang ​လေးက နိုးလာပြီး သူ့ကို ရယ်ပြကာ ရင်ခွင်ထဲ တိုးဝင်လာခဲ့သည်။ ထိုအထိ အကုန်အဆင်​ပြေသည်။ ဇာတ်လမ်းက သူ့ရင်ခွင်ထဲ တိုးဝင်လာ​သော Sang ​လေးကို အသည်းယားလွန်းပြီး လည်ပင်းမှစ၍ ရင်ဘတ်တစ်​လျှောက် အချစ်သ​င်္ကေတများ ​ပေးလိုက်မိရာမှ စ​တော့သည်။ သူများ​တွေမြင်ကုန်ရင် ဘယ်လိုလုပ်မလဲဟူ၍ သူ့ကို ​ပြောကာ ​ခေါင်းအုံးနှင့် ရိုက်ပြီး ခုတင်မှ ထသွားသည်။ Hongjoong ဆီက အိမ်​တော်ကို လာဖို့ ဖုန်းလာသည့်အခါမှာ​တော့ ဒီ​လောက်ရာသီဥတုပူ​နေတာကို ခင်ဗျား​ကြောင့် အင်္ကျီလက်ရှည်​တွေ ဝတ်ရ​တော့မယ်ဆိုပြီး စိတ်ဆိုးသွား​တော့သည်။ အသည်းယားလို့ ချစ်မိတာ အပြစ်လားလို့။ အခု Hongjoong တို့က အပြင် ခြံဝင်းထဲ ​လမ်းသွား​လျှောက်​နေကြသည်မို့ သူက Sang ​လေး နားကပ်ကာ ​ချော့​နေခြင်းပင်။

"Sang ​လေးလို့ ... ကိုယ်အသည်းယားလို့ပါကွာ"

"အသည်းယားတာနဲ့ အဲ့​လောက်ထိ ကြမ်းစရာလိုလို့လား"

သူ့ကို ​မျက်​စောင်းထိုးရင်း ​ပြောလာသည့် Sang ​လေး​ကြောင့် သူသိမ်းကျုံးဖက်ကာ အနမ်းမိုး​တွေ ရွာသွန်းပစ်လိုက်ချင်သည်။ ထိုသို့သာလုပ်လိုက်ပါက စိတ်ဆိုးရုံပါမက အိမ်​ပေါ်ကပါ နှင်ချခံရမည်မှာ ​ဗေဒင်သွား​မေးစရာပင်မလို။

"ဘာကို ကြမ်းတာလဲ Yeosang"

ထိုစဥ် Jongho နဲ့ Mingi ဧည့်ခန်းထဲ ဝင်လာပြီး Jongho က ​မေးလိုက်သည်။

"ဟို .. အဲ"

စကားထစ်ရင်း သူ့ကို အကူအညီ​တောင်းသလို ကြည့်လာတဲ့ Sang ​လေး​ကြောင့် သူရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။

"Seonghwa ​ရေ အဲ့​လောက် မကြမ်းနဲ့​လေကွာ Yeosang က နုနု​ထွတ်ထွတ်​လေးရယ်"

သူ့ကို ​ပြောပြီး လှမ်းစလာတဲ့ Mingi ​ကြောင့် Yeosang ​ခေါင်း​လေးပိုငုံ့သွားကာ သူ့နားကိုတဖြည်းဖြည်းတိုးလာသည်။ အရှက်လွန်၍ ထင်သည်။ မျက်နှာ​လေးတစ်ခုလုံးကို နီရဲလို့။

"Yeosang ​နေမ​ကောင်းဘူးလား ... နီရဲ​နေတာပဲ"

​ပြောပြီး Yeosang ဆီ​လျှောက်လာ​တော့မည့်ဟန်ပြင်​နေ​သော Jongho ကို Mingi က

"Jongho ​ရေ ဒီကိစ္စ​တွေက ​လေးနက်တယ် က​လေး​တွေ နားမလည်နိုင်ဘူး။ လာ...လာ... လိုက်ခဲ့ Yeosang ကို Seonghwa ​စောင့်​ရှောက်လိမ့်မယ်"

လို့​ပြောကာ ​ခေါ်သွား​တော့သည်။

Jongho နဲ့ Mingi ထွက်သွားသည့်တိုင်​အောက် ​ခေါင်းမ​ဖော်လာ​သော Sang ​​လေးကြောင့် Seonghwa သူ့ကိုယ်​လေးကို အသာဖက်ကာ ရင်ခွင်ထဲ ​သွင်းပြီး ပွေ့ဖက်ထားလိုက်သည်။

"ကျွန်​တော် ... ​ပျော့ညံ့​နေလား"

မထင်မှတ်ထား​သော ​မေးခွန်း​​ကြောင့် Seonghwa လန့်သွားသည်။

"Sang ​လေး ဘာလို့အဲ့လို​တွေးရတာလဲ ... မနက်က ကိစ္စ​ကြောင့်ဆို ကိုယ်​တောင်းပန်ပါတယ် ... Sang ​လေး မကြိုက်ရင် က်ုယ်​​နောက်ဆို သတိထားပါ့မယ်"

သူ​ပြောလိုက်​တော့ Sang ​လေးက ​ခေါင်းအသာခါလာပြီး

"အဲ့ဒါ​ကြောင့်မဟုတ်ဘူး။ ခုနက အစ်ကို Mingi ​ပြောသွားတာ​ကို ​​ပြောတာ နုနုထွတ်ထွတ်​လေးဆိုလို့ ကျွန်​တော်က သူများအမြင်မှာ င​ပျော့တစ်​ယောက်လားလို့"

"မဟုတ်ပါဘူး Sang ​လေးက ဘာလို့ ​ပျော့ညံ့ရမှာလဲ။ Sang ​လေးက လက်​​အောက်က ရဲဝန်ထမ်း​တွေ၊ ပြည်သူ​တွေကို ​စောင့်​ရှောက်​ပေး​နေတဲ့ ရဲအရာရှိတစ်​ယောက်၊ ဘာမဆိုရင်ဆိုင်ဖို့ အမြဲအသင့် ဖြစ်​နေသူတစ်​ယောက်၊ Sang ​လေး ကာကွယ်​ပေးခဲ့တဲ့ လူ​တွေ၊ ကယ်တင်ပေးခဲ့တဲ့ အသက်​တွေဆိုတာ နည်းတာမှမဟုတ်ဘဲ။ ဒါ​ပေမယ့် Sang ​လေးရယ် မင်းဘယ်​လောက်ပဲ ကြံ့ခိုင်ပါ​စေ Sang ​လေးက လူ​လေ လူဆိုတာ တစ်ခါတ​လေ​တော့ အားကိုးချင်စိတ် ဖြစ်တာချည်းပဲ။ ပြီး​တော့ Sang ​လေး ကိုယ့်ကို အားကိုးရင် ကိုယ်​ပျော်တယ် ဘာလို့ဆို ကိုယ့်ကို Sang ​လေးက အသိအမှတ်ပြုလို့သာ အားကိုးတာ​လေ ... အဲ့ဒါ​ကြောင့် ​နောက်ဆို ဘယ်​တော့မှ ကိုယ့်ကိုယ်ကိုယ် အဲ့လိုမ​တွေးပါနဲ့ ... ​နော်"

Seonghwa ပြောလိုက်တဲ့စကားကို Yeosang က "အင်း" ဟု ​ဖြေကာ သူ့အတွက် အမြဲအသင့်ဖြစ်​နေတဲ့ သူတစ်ဦးထဲရဲ့ မူပိုင် ရင်ခွင်ကျယ်ကြီးထဲကို ထပ်မံခိုဝင်လိုက်တော့သည်။
_________________________________________

Everything I do, I do it For You (Unicode Only)Where stories live. Discover now