အခန်း ( ၇ )

Start from the beginning
                                    

မြို့စောင့်တပ်သားဖြစ်ခဲ့စဥ်က အဖြစ်ပျက်တွေကို ပြန်တွေးရင်း စောသံမုံကား နောက်ကြောင်းပြန်ပြနေသည်။ မွေ့ကေသာခမျာလည်း အခန်းထဲမှ နားစွန့်လျက်ပင်.....၊ ဒီလူသားကို သူ သံယောဇဥ်တွယ်မိနေသည်လေ......... ။

" ဗညားနွဲ့ အရှင့်သားက နန်းတွင်းထဲမှာ ရွှေနန်းရှင်ရဲ့ မျက်နှာသာ အပေးမခံရဘူး ဘုရာ့းး။ ဘာလို့ဆို အရှင့်သားနဲ့ ဖအေ​တူ၊ မအေကွဲ ညီမတော် တလမေဒေါနဲ့ ချစ်ကြိုးသွယ်မိနေကြတာကို ခမည်းတော်က ရိပ်မိသွားတာကိုး ဖျာ့။

ငယ်တည်းက အတူကြီးပျင်းခဲ့ကြတဲ့ သူတွေဆိုတော့ သံယောဇဉ်ကြိုးက အရမ်းခိုင်မာနေတာကလား....။ တစ်နေ့တော့ အရှင့်သားက နှမတော် တလမေဒေါ မင်းသမီးကို ခိုးပြေးဖို့ ကြံစည်ပါလေကော။ တပည့်တော်တို့ သွေးသောက်တွေနဲ့ အစီအစဥ်ဆွဲ​ပြီး တိုင်ပင်တယ်။

အရှင့်သားနဲ့ မင်းသမီး ​မြို့ပြင်ကို ဘေးကင်းကင်းထွက်သွားနိုင်ဖို့ တာဝန်က မြို့စောင့်တပ်မှာ တာဝန်ကျတဲ့ ကျွန်တော်မျိုး ​ခေါင်းပေါ် ရောက်လာပါကောလား...။"

[ ** AN:::: စောသံမုံ နောက်ကြောင်းပြန်​ပြီး မင်းသား၊ မင်းသမီးတို့နဲ့ ပြောတဲ့ စကားတွေကို {....} ထဲမှာ ရေးသွားပါမယ် လို့! **]

{{{ စောသံမုံကား အရှင့်သား မိန်းမ ခိုးပြေးမည့် ညနား နီးလာလေ စိတ်လှုပ်ရှားနေမိလေပင်။ အရှင့်သားကို မလိုလားသူ နန်းတွင်း အမတ်တစ်ဦးဦးနား သတင်းပေါက်သွားပါက အစီအစဥ်လည်း ပျက်ရမည်။ အရှင့်သားလည်း နဂိုထက်ပိုပြီး ရွှေနန်းရှင်ရဲ့ နှိမ့်ချခံရ​ပြီး အနေ၊ အစား ကြပ်သွား​မည် မို့လား........။

ဒီလိုနဲ့ပဲ အရှင့်သား မိန်းမခိုးပြေးမယ့်ရက်သို့​ ရောက်လာခဲ့သည်။ အရှင့်သားက လကွယ်ခါနီး လဆုတ်ရက်ကို ရွေးထားခဲ့သည်။ လထွက်ရက်ကို ရွေးမိရင် ညဖက်ဖြစ်ပေမယ့် အ​စောင့်တွေက မတော်တဆများ အရှင့်သားနဲ့ မင်းသမီးတို့ ရုပ်ရည်ကို မှတ်မိသွားလျှင် အစီအစဥ် ပျက်သွားနိုင်သည်လေ......။

ဗညားနွဲ့ အရှင့်သား သူ့နှမတော် တလမေဒေါ မင်းသမီးကို ခိုးပြေးမယ့်ည..... တော်ဝင်သွေးနှစ်ပါးခမျာ ဆင်းရဲသားတွေအဖြစ် ရုပ်ဖျက်ပြီး မြို့တံခါးပိတ်ခါနီးလေးမှာ စောသံမုံ့ အကူအညီဖြင့် ရွှေမြို့တော်ကနေ ထွက်သွားနိုင်ခဲ့ပါသည်။

မွေ့ကေသာ / မွေ့ကေသာ [ Uni/Zawgyi]Where stories live. Discover now