အခန်း ၂၃

Začít od začátku
                                    

သူ့ကို ငိုယိုပြီး ​ပြောလာ​သော က​လေး​ကြောင့် Hongjoong က​လေးကို ရင်ခွင်ထဲ ဆွဲသွင်းပြီး ​ချော့​​ပေးလိုက်သည်။ ဒီက​လေး ဘယ်​လောက်​တောင် လန့်​သွားလိုက်မလဲ။ Yoyo က​​ရော ဘာလို့ အဲ့လိုလုပ်ရတာလဲ။ Yoyo က စိတ္တဇများ ဖြစ်​နေတာလား။ အ​ဖြေရှာမရ​သော ​မေးခွန်း​တွေ Hongjoong ​ခေါင်းထဲ ပြည့်လာသည်။ အ​တွေးထဲ နစ်​မျော​နေတုန်း ရင်ခွင်ထဲက ကလေးက ​ခေါင်း​လေး​မော့လာကာ သူ့နားနားကို တိုးလာရင်း

"ဆရာမ Shal ကို မယုံနဲ့ အစ်ကို Hongjoong ... သားကို အစ်ကို Yoyo လည်ပင်းညှစ်တာကို ဆရာမ​​တွေ့တယ် ...သားကို မကယ်ဘဲ ဒီအတိုင်းပဲ ကြည့်​နေတာ"

သူ့ကို ​တိုးတိုး​လေး ​ပြောပြပြီး သူတို့ကို နှုတ်ဆက်ကာ ​ဂေဟာထဲသို့ ပြန်ဝင်သွားသည်။ ထို့နောက် သူတို့ ရှစ်​ယောက်လုံး ကား​ပေါ်တက်လိုက်​တော့သည်။ ကားထဲ​ရောက်​တော့မှ ထိုက​လေး​ပြောပြတာကို အားလုံးကို ပြန်​ပြောပြလ်ုက်သည်။ ထို့​နောက် San က

"ဘဏ် account နံပါတ်ကို စုံစမ်းခိုင်းထားတယ် ... မကြာခင် သိရ​တော့မှာပါ"
_________________________________________

"Erika?"

သူ့နာမည်​ခေါ်သံကြားလိုက်လို့ လှည့်ကြည့်လိုက်​တော့  အရပ်မြင့်မြင့် ခန္ဓာကိုယ် ကြည့်​ကောင်းလွန်းလှပြီး မျက်နှာတည်တံ့​နေ​သော အမျိုးသားတစ်ဦးကို ​တွေ့လိုက်ရသည်။

"ဘယ်သူလဲ"

သူ​​မေးလိုက်​တော့

"ငါ့ကိုမမှတ်မိ​တော့ဘူး​ပေါ့"

ဟု ဆိုလာရင်း သွားစွယ်များ ​ပေါ်လာ​အောင် ပြုံးပြလာသည်။ ထိုရင်းနှီး​နေ​သော အပြုံး​ကြောင့် သူဝမ်းသာသွားသလို ဝမ်းနည်းသွားသလို ခံစားလိုက်ရပြီး ထိုသူထံ ​​ပြေးသွားကာ ဖက်လိုက်သည်။

"Yoyo ...ဟုတ်တယ်မလား ... Yoyo မလားဟင်"

​ပြောရင်း ထိုသူရဲ့ ရင်ခွင်ထဲ ပိုတိုးဝင်ကာ ဖက်လိုက်သည်။ သူ့ကို ပြန်ဖက်လာ​သော လက်များ​ကြောင့် သူ့ရင်ထဲ ကြည်နူးမှု​တွေ စီးဝင်လာသည်။ သူဘယ်​တော့မှ ​မေ့မှာမဟုတ်တဲ့ သူ့နှလုံးသား အပ်နှင်းထားရသူ ဖြစ်​နေသည့်အတွက်​ကြောင့်ပင်။

"က​လေးလား အခုထိ ငို​နေတုန်း"

​ပြောရင်း ထိုသူက သူ့ကို ​ခေါင်း​မော့​စေကာ မျက်ရည်များ သုတ်​ပေးလာသည်။ ထို့​နောက် ထိုသူကို သူ့အိမ်သို့ ​ခေါ်လာခဲ့​တော့သည်။

Erika အိမ်တွင် ...

"​နေနိုင်လိုက်တာ ...တစ်ခါ​လေး​တောင် အဆက်အသွယ်မလုပ်ဘူး"

သူ​ပြောလိုက်​တော့ Yoyo က

"မဟုတ်ရပါဘူးကွာ ... ကိုယ့်မှာ မင်းကို ​တွေ့ဖို့ အ​ခြေအ​နေ အဆင်မ​ပြေ​သေးလို့ပါ ... အခု ကိုယ်လာ​တွေ့ပြီ​လေ ... မင်းကို တင့်​တောင့်တင့်တယ် ထားနိုင်တဲ့ အင်အားရှိ​နေပြီ ..."

Yoyo က ရှင်းပြရင်း သူ့ကို ဖက်ထားသည်။

"အင်း ...  ​နောက်ဘယ်​တော့မှ ထပ်ထားမသွားပါဘူးလို့ ကတိ​ပေး"

သူ့လက်သန်းကို ​ထောင်ပြပြီး ကတိ​တောင်း​တော့

"အခုထိ က​လေးစိတ်မ​ပျောက်​သေးဘူး"

ဟု ဆိုလာကာ သူ့လက်သန်းကို ချိတ်လာရင်းမှ လက်ကို ဆွဲလိုက်ကာ သူ​တောင့်တခဲ့ရ​သော လွမ်းဆွတ်​နေခဲ့ရ​သော ချိုမြိန်လွန်းလှသည့် အနမ်းတို့ကို ​ပေးအပ်လာသည်။

ဘယ်​လောက်ပဲ စိတ်ဓါတ်ခိုင်မာသူ ဖြစ်​နေပါ​စေ၊ ဘယ်​လောက်ပဲ ကြံ့ခိုင်သူ ဖြစ်​နေပါ​​စေ၊ ထိုသူရဲ့ မသိစိတ်တစ်​နေရာမှာ​တော့ ကာကွယ်​ပေးမှု၊ မြတ်နိုးမှုတို့ကို ​တောင့်တ​နေ​သော အားငယ်စိတ်​လေး ရှိ​နေစမြဲပင်။ ။
_________________________________________

Everything I do, I do it For You (Unicode Only)Kde žijí příběhy. Začni objevovat